DVB Logo
Home
မြန်မာသတင်း
ရေဘေးကြောင့် သေဆုံးပျောက်ဆုံးသူ  ၅၂၀ ဦး နှင့် တိရစ္ဆာန်ပေါင်း ၁၈၀,၀၀၀ ကျော်သေဆုံးဟု ဒုစစ်ခေါင်းဆောင် ပြော
DVB
·
October 14, 2024
ရေဘေးကြောင့် သေဆုံးပျောက်ဆုံးသူ  ၅၂၀ ဦး နှင့် တိရစ္ဆာန်ပေါင်း ၁၈၀,၀၀၀ ကျော်သေဆုံးဟု ဒုစစ်ခေါင်းဆောင် ပြော
Donate to DVB

ပြီးခဲ့တဲ့ စက်တင်ဘာလက မြန်မာနိုင်ငံတဝန်း တိုင်းဒေသကြီးနဲ့ ပြည်နယ် ၉ ခုမှာ တိုင်ဖွန်းမုန်တိုင်းယာဂီရဲ့ အရှိန်ကြောင့် ရေကြီးရေလျှံပြီး  အိမ်ထောင်စုပေါင်း ၈၀၀၀၀ ကျော်၊ လူဦးရေ ၁ သန်းနီးပါး ရေဘေးအန္တရာယ် တွေ့ကြုံခံစားခဲ့ကြရပြီး သေဆုံး/ပျောက်ဆုံးသူ အယောက်  ၅၂၀ ရှိခဲ့တယ်လို့  ဒုစစ်ခေါင်းဆောင်က ပြောပါတယ်။

အောက်တိုဘာ ၁၃ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အခမ်းအနားမှာ  ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောပါတယ်။

ဒါ့အပြင် တိရစ္ဆာန်ပေါင်း ၁၈၀,၀၀၀ ကျော်သေဆုံးခဲ့ပြီး စပါးနဲ့ သီးနှံစိုက်ဧက ၇၀၀,၀၀၀ ကျော် ထိခိုက်ခဲ့ရသကဲ့သို့ လမ်းတံတား၊ စာသင်ကျောင်း၊ လျှပ်စစ်နှင့်ဆက်သွယ်ရေး စတဲ့ ကဏ္ဍပေါင်းစုံမှာ ထိခိုက်ဆုံးရှုံးခဲ့တယ်လို့လည်း ပြောပါတယ်။

၂၀၂၃ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ ထိခိုက်ဆုံးရှုံးနိုင်ခြေညွှန်းကိန်း (World Risk Index 2023)အရ  မြန်မာနိုင်ငံက ညွှန်းကိန်း ၃၆ ဒသမ ၂၆ နဲ့ ကမ္ဘာ့အဆင့် ၆ နေရာမှာ ရှိနေလို့ သဘာဝဘေးအန္တရာယ်တွေကြောင့် ထိခိုက်မှုလျော့နည်းစေဖို့ အမြဲမပြတ် သတိပြု ဆောင်ရွက်ရမယ်လို့လည်း ဆိုပါတယ်။

အသက်ဆုံးရှုံးရသူတွေရဲ့ ကျန်ရစ်သူမိသားစုတွေကို တယောက်လျှင် ကျပ် ၁၀ သိန်း ထောက်ပံ့ခဲ့ပြီး အိုးအိမ်ပျက်စီးမှုတွေအတွက်လည်း ပျက်စီးမှုပမာဏအပေါ် မူတည်ပြီး သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး ရန်ပုံငွေကနေ ထောက်ပံ့ဖို့ စီစဉ်ထားတယ်လို့  သိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း ယာဂီမုန်တိုင်း အကြွင်းအကျန် လေပွေလှိုင်း ဝင်ရောက်မှုကြောင့် မြန်မာနိုင်ငံတဝန်း ရေကြီးရေလျှံမှုတွေနဲ့ မြေပြိုမှုတွေဖြစ်ခဲ့လို့ လူဦးရေ တသန်းကျော် ရေဘေးသင့်ခဲ့ရပြီး လူပေါင်း ၆၀၀ ကျော် သေဆုံးခဲ့တယ်လို့ အောက်တိုဘာ ၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်ရာမှာ ရေလွှမ်းမိုးမှုဒဏ်ခံရတဲ့ ဒေသတွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝန်ထမ်းတွေ ဝင်ရောက်တာကို အကြမ်းဖက်စစ်အုပ်စုက ပိတ်ဆို့ ဟန့်တားထားတဲ့အတွက်ကြောင့် ရေကြီးရေလျှံမှုတွေကြောင့် ထိခိုက်နစ်နာခဲ့ရသူတွေရဲ့ အခြေအနေမှာ ပိုပြီးတော့ ဆိုးရွားလာခဲ့တယ်လို့ NUG က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013