DVB Logo
Home
အားကစား
ဂျာမန်တိုက်စစ်မှူး ပိုဒေါလ်စကီး ကစားသမားဘဝက အနားယူ
DVB
·
October 13, 2024
ဂျာမန်တိုက်စစ်မှူး ပိုဒေါလ်စကီး ကစားသမားဘဝက အနားယူ
Donate to DVB

ဂျာမန်တိုက်စစ်မှူး လူးကပ်စ်ပိုဒေါလ်စကီးဟာ ကစားသမားဘဝကနေ အနားယူကြောင်း တရားဝင် ကြေညာသွားပါတယ်။

ဘိုင်ယန်မြူးနစ်နဲ့ အာဆင်နယ်တိုက်စစ်မှူးဟောင်းဟာ ကစားသမားဘဝကို ၂၁ နှစ်ကြာ ဖြတ်သန်ခဲ့ပြီးနောက် အသက် ၃၉ နှစ်အရွယ်မှာ အနားယူဖို့ဆုံးဖြတ်ခဲ့တာပါ။

ပိုဒေါလ်စကီးဟာ ကစားသမားဘဝရဲ့ နောက်ဆုံးနှုတ်ဆက်ပွဲစဉ်အဖြစ် အောက်တိုဘာ ၁၀ ရက်က အသင်းဟောင်း ကိုလုံးအောစတားနဲ့ ပိုဒီအသင်းတို့ရဲ့ပွဲစဉ်ကို ယှဉ်ပြိုင်ကစားခဲ့ပါတယ်။

အဲဒီပွဲစဉ်မှာ ပိုဒေါလ်စကီးက နှစ်သင်းစလုံးမှာဝင်ကစားပြီး ဂိုးသွင်းယူခဲ့ပါတယ်။ ပွဲအပြီးမှာတော့ လာရောက်ကြတဲ့ အသင်းဖော်တွေနဲ့ ကွင်းတွင်းမှာ တွေ့ဆုံမှု ပြီးဆုံးသွားပြီဖြစ်ပြီး ကွင်းပြင်မှာပဲဆက်လက် တွေ့ဆုံကြတော့မှာဖြစ်ကြောင်း ပိုဒေါလ်စကီးက ပြောပါတယ်။

သူဟာ ကစားသမားဘဝကို ကိုလုံးအသင်းနဲ့ စတင်ခဲ့ပြီး ဘိုင်ယန်မြူးနစ်၊ အာဆင်နယ်၊ အင်တာမီလန်၊ ဂါလာတာစာရေး၊ ဗစ်ဆယ်ကိုဘေး အစရှိတဲ့ အသင်းတွေမှာကစားခဲ့ပြီး ပိုလန်ကလပ် ဂေါ်နစ်ခ်အသင်းမှာ နောက်ဆုံးကစားခဲ့ပါတယ်။

ဂျာမနီ အသင်းရဲ့ တတိယမြောက်ပွဲအများဆုံးကစားသမားဖြစ်ပြီး ၂၀၁၄ ကမ္ဘာ့ဖလားမှာ ချန်ပီယံဖြစ်အောင် ကူညီပေးနိုင်ခဲ့ပါတယ်။ 

Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013