
ပါကစ္စတန်အနောက်တောင်ပိုင်း သတ္တုကြွယ်ဝတဲ့ ဘာလိုချီစတန်ပြည်နယ်ရှိ ပုဂ္ဂလိက ကျောက်မီးသွေးတွင်း အစုအဝေး တခုကို သေနတ်တွေ၊ ဒုံးလက်နက်တွေနဲ့ လက်ပစ်ဗုံးတွေ ကိုင်ဆောင်ထားတဲ့ ဒါဇင်နဲ့ချီတဲ့ တိုက်ခိုက်သူတွေ အောက်တိုဘာ ၁၁ ရက်မှာ ဝင်ရောက် စီးနင်းခဲ့ကြပြီး အိပ်ပျော်နေကြတဲ့ မိုင်းတွင်းလုပ်သားတချို့ကို သတ်ဖြတ်ခဲ့ကာ တခြားသူတွေကို လည်း တန်းစီပစ်သတ်ခဲ့ကြလို့ အစွန်အဖျားဒေသမှာ အနည်းဆုံး လူ ၂၁ ဦး သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ရဲ့ ထိပ်သီးအစည်းအဝေးကို ပါကစ္စတန်က လက်ခံ ကျင်းပခြင်း မပြုရသေးခင် လက်နက်ကိုင်တပ်ဖွဲ့ဝင် ၄၀ လောက် တိုက်ခိုက်မှုဟာ ဒီရက်သတ္တပတ်တွေအတွင်း အဆိုးဆုံးကိစ္စဖြစ်ပါတယ်။
အာဖဂန်နစ္စတန်၊ အီရန် တို့နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ဘာလိုချီစတန် ပြည်နယ်ထဲမှာ ဒူကီဧရိယာရှိ ဂျူနေ့ဒ်ကျောက်မီးသွေးကုမ္ပဏီရဲ့ မိုင်းတွေ တိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူတွေထဲ မှာ အာဖဂန်နိုင်ငံသား ၄ ဦး ဒဏ်ရာရသူ ၆ ယောက်ထဲမှာ အာဖဂန် ၄ ဦး ရှိပါတယ်။
ဒဏ်ရာရသူတွေဟာ ကူအက်တာ ဆေးရုံမှာ ဆေးကုသမှု ခံယူနေကြပါတယ်။ ဒီဖြစ်ရပ်အတွက် ဘယ်သူမှာ တာဝန်ရှိကြောင်း ချက်ခြင်းထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။
အာဖဂန်နစ္စတန် နိုင်ငံခြားရေးဝန်ကြီးဌာနက အဲဒီတိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန်ရှုတ်ချခဲ့ပြီး ရုပ်အလောင်းတွေ လွှဲပြောင်းရာမှာ အဆင်ပြေချောမွေ့စေဖို့ သူ့ရဲ့ ကူအက်တာ ကောင်စစ်ဝန်ကို တာဝန်ပေးအပ်ခဲ့ပါတယ်။
Source/ Photo: Reuters