DVB Logo
Home
အားကစား
၂၀၂၁ ခုနှစ်နောက်ပိုင်း ချဲလ်ဆီးနည်းပြ ၁ ဦး ပထမဆုံးအကြိမ် အကောင်းဆုံးနည်းပြဆုရရှိ
DVB
·
October 12, 2024
၂၀၂၁ ခုနှစ်နောက်ပိုင်း ချဲလ်ဆီးနည်းပြ ၁ ဦး ပထမဆုံးအကြိမ် အကောင်းဆုံးနည်းပြဆုရရှိ
Donate to DVB

၂၀၂၁ ခုနှစ်နောက်ပိုင်း ချဲလ်ဆီးနည်းပြတယောက် ပထမဆုံးအကြိမ်အဖြစ် တလတာ အကောင်းဆုံး နည်းပြဆု ရရှိခဲ့ပါတယ်။

စက်တင်ဘာလအတွက် ပရီးမီးယားလိဂ်အကောင်းဆုံးဆုတွေကို ထုတ်ပြန်ခဲ့ရာမှာ ချဲလ်ဆီးနည်းပြ မာရက်စကာက အကောင်းဆုံးနည်းပြဆုရရှိခဲ့ပြီး တိုက်စစ်ကစားသမား ကိုးလ် ပါလ်မာက အကောင်းဆုံးကစားသမားဆု ရရှိခဲ့တာပါ။

ချဲလ်ဆီးအသင်းဟာ စက်တင်ဘာလ အတွင်းမှာ ကစားခဲ့တဲ့ ၄ ပွဲမှာ ၃ ပွဲနိုင် ၁ ပွဲသရေ ရလဒ်ရရှိခဲ့တာပါ။

၂၀၂၁ ခုနှစ် အောက်တိုဘာလက နည်းပြသောမက်စ်တူဟယ်က အကောင်းဆုံးဆု ရရှိပြီးနောက်ပိုင်း ချဲလ်ဆီးနည်းပြတယောက်အနေနဲ့  ပထမဆုံး အကြိမ် ဆုပြန်လည်ရရှိခဲ့တာပါ။ ပါလ်မာဟာ ဘရိုက်တန်နဲ့ပွဲစဉ်မှာ တယောက်တည် ၄ ဂိုးသွင်းခဲ့ပြီး စက်တင်ဘာလအတွင်း ကစားခဲ့တဲ့ ၄ ပွဲမှာ စုစုပေါင်း ၅ ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် အကောင်းဆုံး ကစားသမားဆု ရရှိခဲ့တာဖြစ်ပါတယ်။ 

Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013