DVB Logo
Home
နိုင်ငံတကာ
ဟာရီကိန်းမုန်တိုင်း မီလ်တန်ကြောင့် ဖလော်ရီဒါတွင် အနည်းဆုံး လူ ၁၆ ဦး သေဆုံး
DVB
·
October 11, 2024
ဟာရီကိန်းမုန်တိုင်း မီလ်တန်ကြောင့် ဖလော်ရီဒါတွင် အနည်းဆုံး လူ ၁၆ ဦး သေဆုံး
Donate to DVB

အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်မှာ ဖြတ်ကျော်ဝင်ရောက်ခဲ့တဲ့ မီလ်တန် ဟာရီကိန်း မုန်တိုင်းကြောင့် အနည်းဆုံးလူ ၁၆ ယောက် သေဆုံးခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

အဲဒီနောက် ရေလွှမ်းမိုးမှုနဲ့ အပျက်အစီးတွေကြားမှာ ကယ်ဆယ်ရေးလုပ်ငန်း စတင်နေပြီ ဖြစ်သလို သေဆုံးသူအရေအတွက်လည်း ပိုတိုးလာနိုင်တယ်လို့ ဖော်ပြထားပါတယ်။

မီလ်တန်မုန်တိုင်း မဝင်ခင်မှာ အမြင့်ဆုံးဖြစ်တဲ့ အဆင့် ၅ ကနေ အဆင့် ၃ မုန်တိုင်းအဖြစ် လျော့ကျခဲ့ပေမဲ့လည်း အဆောက်အအုံ ဒါဇင်နဲ့ချီပြီးတော့ ပျက်စီးခဲ့ပါတယ်။

ဒီမုန်တိုင်းတိုက်ခတ်ချိန်မှာတော့ လေဆင်နှာမောင်း ၁၃၀ ကျော် ပေါ်ပေါက်လာခဲ့ပြီး စိန့်ပီတာစ်ဘတ်ဂ်မြို့မှာရှိတဲ့ မေဂျာလိဂ် ဘေ့စ်ဘော အားကစားကွင်းကြီးလည်း ဆိုးရွားစွာ ထိခိုက်ခဲ့ပါတယ်။

ဒါ့အပြင် လူနေအိမ်နဲ့ စီးပွားရေးလုပ်ငန်းပေါင်း ၃ ဒသမ ၄ သန်းလောက်မှာပါ လျှပ်စစ်ဓာတ်အား ပြတ်တောက်နေတယ်လို့ သိရပါတယ်။

လာမယ့်ရက်ပိုင်းမှာလည်း ပင်လယ်ရေမြင့်တက်မှုနဲ့အတူ နောက်ထပ်ရေကြီးမှုတွေပါ ရှိလာနိုင်တဲ့အကြောင်း ဖလော်ရီဒါ အုပ်ချုပ်ရေးမှူး ရွန် ဒီဆန်းတစ္စက သတိပေးထားပါတယ်။

လက်ရှိအချိန်မှာတော့ မီလ်တန်ဟာ အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းအဖြစ်ကနေ အားပျော့သွားခဲ့ပြီး အတ္တလန္တိတ်သမုဒ္ဒရာထဲကို ရွေ့လျားနေပါတယ်။

အဲဒီမုန်တိုင်းကြောင့် အမြင့်ဆုံး ပင်လယ်ရေ မြင့်တက်မှုဟာ ၅ ပေကနေ ၁၅ ပေအထိ ရှိခဲ့ရာမှာ ရေဘေးသင့်ပြည်သူတွေကို လှေနဲ့ကယ်ဆယ်ခဲ့တယ်လို့ အမျိုးသား ဟာရီကိန်းစင်တာအရ သိရပါတယ်။

ဖလော်ရီဒါပြည်နယ်ရဲ့ ဘဏ္ဍာရေးအရာရှိချုပ် ဂျင်မီ ပတ်ထရွန်နစ္စ ကတော့ မြို့ပြ ကယ်ဆယ်ရေးကျွမ်းကျင်သူ ၁,၆၀၀ လောက်ဟာ အဓိကထိခိုက်ခဲ့တဲ့နေရာတွေမှာ ပိုက်စိပ်တိုက် ရှာဖွေနေပြီဖြစ်သလို လျှပ်စစ်မီးပြန်ရဖို့ကိုလည်း အလုပ်သမားဦးရေ ၄၀,၀၀၀ နဲ့ ကြိုးပမ်းနေတယ်လို့ မှတ်ချက်ပေးပါတယ်။

အမေရိကန် မိုးလေဝသဌာနကတော့ မီလ်တန်ကြောင့် ပျက်စီးဆုံးရှုံးခဲ့တဲ့ စုစုပေါင်းပမာဏကို ဒေါ်လာ ၁၆၀ ဘီလီယံကနေ ၁၈၀ ဘီလီယံအထိ ရှိနိုင်တယ်ဆိုပြီး ကနဦး ခန့်မှန်းထားပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013