DVB Logo
Home
နိုင်ငံတကာ
အီကွေဒေါ သမ္မတဟောင်းနှင့် ဒုသမ္မတဟောင်းတို့ကို အမေရိကန်က ပြည်ဝင်ခွင့်ပိတ်
DVB
·
October 10, 2024
အီကွေဒေါ သမ္မတဟောင်းနှင့် ဒုသမ္မတဟောင်းတို့ကို အမေရိကန်က ပြည်ဝင်ခွင့်ပိတ်
Donate to DVB

အမေရိကန်နိုင်ငံခြားရေးဌာနဟာ အီကွေဒေါ သမ္မတဟောင်း ရာဖယ်လ်ကော်ရီယာနဲ့ ဒုသမ္မတဟောင်း ယော်ဂဲဂလပ်စ်တို့ကို အကျင့်ပျက် ခြစားမှုမှာ ပါဝင်ပတ်သက်မှုကြောင့် အမေရိကန်ကို ဝင်ရောက်ခွင့် ပိတ်ပင်လိုက်ကြောင်း နိုင်ငံခြားရေးဌာနက အောက်တိုဘာ ၉ ရက်မှာ ပြောကြားခဲ့ပါတယ်။

နိုင်ငံခြားရေးဌာနက ထုတ်ပြန်ချက်မှာ  “ကော်ရီယာနဲ့ ဂလပ်စ်တို့ဟာ သမ္မတဟောင်းနဲ့ ဒုသမ္မတဟောင်းတွေအဖြစ် သူတို့ရဲ့ ရာထူးတွေကို အလွဲသုံးစားလုပ်ခဲ့ကြပြီး နိုင်ငံရေးအရ ပံ့ပိုးကူညီမှုတွေကနေ အပါအဝင် တံစိုးလာဘ်ယူမှုတွေ လက်ခံခဲ့တဲ့ အပေးအယူအဖြစ် အစိုးရကန်ထရိုက်စာချုပ်တွေကို ရရှိအောင် အလဲအလှယ်လုပ်ခဲ့ကြတယ်”လို့ ဖော်ပြထားပါတယ်။

အီကွေဒေါ အရာရှိဟောင်းတွေရဲ့ အိမ်ထောင်ဘက်တွေနဲ့ သူတို့ရဲ့ သားသမီးတွေကိုလည်း အမေရိကန်ကို ဝင်ရောက်ခွင့် ပိတ်ပင်ထားကြောင်းလည်း ဆိုပါတယ်။

သမ္မတဟောင်းဟာ ဘယ်လ်ဂျီယံမှာ နေထိုင်ပြီး သူ့ကို အဂတိလိုက်စားမှုနဲ့ ပြစ်ဒဏ်ချမှတ်ပြီးတော့ ထောင်ဒဏ်စီရင်ထား ပါတယ်။

သမ္မတဟောင်းကတော့ စွပ်စွဲမှုတွေကို ငြင်းဆိုထားပြီး သူ့ကို ပြစ်မှုစွဲဆိုတာတွေဟာ အတိုက်အခံတွေက ဦးဆောင်တဲ့ နိုင်ငံရေးဖိနှိပ်မှုတွေထဲက တခုဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အကျင့်ပျက်ခြစားမှုနဲ့ ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ ဒုသမ္မတဟောင်းကတော့ အီကွေဒေါမှာပဲ ထောင်ဒဏ်ကျခံနေရ ပါတယ်။

သူဟာ အခုနှစ်အစောပိုင်းက သူ့ကိုယ်သူ သတ်သေဖို့ ကြိုးပမ်းခဲ့ပြီး သူ ထောင်ချခံရတာကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ထောင်ထဲမှာ အစာငတ်ခံဆန္ဒပြခဲ့ကြောင်း သူ့ရဲ့ရှေ့နေက ပြောပါတယ်။

အီကွေဒေါနိုင်ငံရဲ့ မြို့တော် ကီးတိုရှိ မက္ကဆီကိုသံရုံးထဲမှာ ခိုလှုံနေတဲ့ ဒုသမ္မတဟောင်း ဂလက်စ်ကို ဧပြီလက ဖမ်းဆီးခဲ့ပြီးနောက် မက္ကဆီကိုနဲ့ အီကွေဒေါတို့ဟာ ကမ္ဘာ့တရားရုံးမှာ အပြန်အလှန် တရားစွဲဆိုခဲ့ ကြပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013