DVB Logo
Home
နိုင်ငံတကာ
ကာလီဖိုးနီးယားရဲတပ်ဖွဲ့က Tesla Cybertruck ရဲကား စတင်အသုံးပြု
DVB
·
October 10, 2024
ကာလီဖိုးနီးယားရဲတပ်ဖွဲ့က Tesla Cybertruck ရဲကား စတင်အသုံးပြု
Donate to DVB

အမေရိကန်နိုင်ငံ၊ ကာလီဖိုးနီးယား အာဗိုင်းရဲဌာနဟာ အမေရိကန်မှာ ပထမဆုံး Tesla Cybertruck  ကို ရဲကားအဖြစ်သုံးတဲ့ ရဲစခန်း ဖြစ်လာပါတယ်။

မူးယစ်ဆေးဝါးအလွဲသုံးမှု ပညာပေးရေး စီမံချက်နဲ့ တခြား ရပ်ရွာတွင်း လုံခြုံရေးတွေမှာ ဒီကားကို သုံးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

၁၉၈၄ ခုနှစ် Terminator ဇာတ်ကားထဲက ဇာတ်ဝင်တေးနဲ့ ရဲကားကို မိတ်ဆက်သွားတာ ဖြစ်ပါတယ်။ ဒီကားကို ပုံမှန် ကင်းလှည့်ကားလို သုံးမှာမဟုတ်ဘဲ အရေးပေါ်နဲ့ ဒေသခံတွေအတွက် အကူအညီပေးရေးမှာ သုံးသွားမယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၃ ရက်က Tesla ဟာ Cybertrucks ကားအစီး ၂,၇၀၀ ကို နောက်ကြည့်ကင်မရာပုံရိပ်ပေါ်တာ နှောင့်နှေးမှုကို ဖြေရှင်းဖို့ ပြန်လည်သိမ်းဆည်းခဲ့ပါတယ်။

ဒါဟာ ဇန်နဝါရီကစလို့ ၅ ခါမြောက် ပြန်လည်သိမ်းဆည်း ပြင်ဆင်ပေးမှုလည်း ဖြစ်ပါတယ်။ နောက်ဆုံးပြဿနာအတွက်ကိုတော့ Tesla က software update ပေးပြီး ပြင်ဆင်ပေးခဲ့ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013