DVB Logo
Home
Lead Story
ရန်ကုန်မြို့ ပထမဆုံး Walt Disney ပွဲ ပရိသတ် ရာချီအားပေး
DVB
·
October 9, 2014
ရန်ကုန်မြို့ ပထမဆုံး Walt Disney ပွဲ ပရိသတ် ရာချီအားပေး
1 / 13
Donate to DVB

ရန်ကုန်မြို့မှာ ပထမဆုံး ဝေါလ် ဒစ်စနေး (Walt Disney) ပွဲကို အောက်တိုဘာ ၈ ရက်နေ့က Event Park မှာ ပြုလုပ်ခဲ့ပြီး လူရာပေါင်းများစွာ အားပေးခဲ့ကြပါတယ်။

ဝေါလ် ဒစ်စနေးပွဲကို တခြားနိုင်ငံတွေမှာ ကျင်းပတာ အထူးအဆန်း မဟုတ်ပေမယ့် မြန်မာပြည်မှာတော့ ၂၀၁၁ ခုနှစ်မှာ နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပြီးနောက်ပိုင်း အခုလို နိုင်ငံတကာနဲ့ ဆက်ဆံရေး ပြန်ဖွင့်လိုက်ချိန်မျိုးကျမှ ကျင်းပနိုင်တာ ဖြစ်ပါတယ်။

ဂန္ထ၀င်ပုံပြင်ဇာတ်လမ်းတွေ ဖြစ်တဲ့မနှင်းဖြူ၊ (Snow White)၊ အိပ်ပျော်နေ တဲ့ အလှကလေး (Sleeping Beauty)၊ အလှပဂေးနဲ့ အရိုင်းစိုင်း (Beauty and the Beast) ဇာတ်လမ်းတွေကို ကလေးနဲ့ မိဘ ၅၀၀ လောက် အားပေးခဲ့ကြပါတယ်။

ပွဲကို လာကြည့်တဲ့ ကလေးတယောက်က ဇာတ်ကောင်တွေကို အပြင်မှာ ကြည့်ရတာဟာ ရုပ်မြင်သံကြား ဖန်သားပြင်မှာ ကြည့်ရတာထက် ပိုပြီးတော့ စိတ်ဝင်စားစရာ ကောင်းတယ်လို့ ပြောပါတယ်။

ပွဲဝင်ကြေးအဖြစ် ၁၀ ဒေါ်လာကနေ ဒေါ်လာ ၁၀၀ အကြား သတ်မှတ်ထားပြီး ဒီပွဲကို အောက်တိုဘာ ၈ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ ပြုလုပ်မှာ ဖြစ်ပါတယ်။

[gallery ids="67270,67271,67272,67273,67274,67275,67276,67277,67278"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013