DVB Logo
Home
မြန်မာသတင်း
တင်းတိမ်ရံရွာကို စစ်တပ်က ဗုံးကြဲ၊ ကလေးငယ်အပါအဝင် ၃ ဦး သေဆုံး
DVB
·
October 9, 2024
တင်းတိမ်ရံရွာကို စစ်တပ်က ဗုံးကြဲ၊ ကလေးငယ်အပါအဝင် ၃ ဦး သေဆုံး
Donate to DVB

စစ်ကိုင်းတိုင်း ရေဦးမြို့နယ်အနောက်တောင်ခြမ်းက တင်းတိမ်ရံရွာကို စစ်တပ်က  အောက်တိုဘာ ၈ ရက် ညနေ ၃ နာရီ မိနစ် ၄၀ လောက်က လေယာဉ်နဲ့ လာရောက် ဗုံးကြဲပစ်ခတ်ခဲ့တယ်လို့  ဒေသခံတွေက ပြောပါတယ်။

“ဗုံးသီး ၂ လုံး  ကြဲချ ပစ်သွားတာ။ ရွာထဲက အိပ်ချင်းကပ်လျက်ရှိတဲ့ အိမ် ၂ လုံးကို ထိမှန် သွားတယ်။ အိမ် ၂ လုံးထဲမှာရှိတဲ့ ၇ နှစ်အရွယ် ကောင်လေးတယောက်၊ ၈ လသမီးအပါအဝင် ကလေးအမေရော နေရာတင် သေတယ်။ အိမ် ၂ လုံးလည်း ပျက်စီးတယ်။ ဒဏ်ရာရတာက အမျိုးသမီး ၂ ယောက်ရှိ တယ်” လို့ တင်းတိမ်ရံရွာသားတယောက်က ပြောပါတယိ။

တင်တိမ်ရံရွာမှာ အနီးပတ်ဝန်းကျင်က အားကိုးအားထားပြုနေရတဲ့ ဈေးတန်းလည်းရှိကာ အဆိုပါ ဈေးတန်းကို ဒေသတွင်းလူမျိုး ပေါင်းစုံ လာရောက်ဝယ်ယူကြတယ်လို့ သိရပါတယ်။

“ကျနော်တို့ရွာက တနေကုန်ဖွင့်တဲ့ ဈေးရှိတယ်။ အဲဒီဈေးကို လူမျိုးပေါင်းစုံ ဈေးလာဝယ်တာ တော့ရှိမှာပေါ့။ ပြည်သူအများစုရှိတဲ့ရွာကို အခုလိုကြီး မလုပ်သင့်ဘူး။ ပြည်သူတွေနေတဲ့ ရွာထဲကို ပစ်လိုက်တော့ သူတို့ပစ်တဲ့ PDF ကို ဘယ်မှန်မလဲ။ ပြည်သူတွေပဲ မှန်တာ။ စက်တင်ဘာ ၅ ရက်ကလည်း ကျနော်တို့ရွာကို ဗုံးကြဲလို့ အမျိုးသမီးသေဆုံးတတွေလည်းရှိခဲ့တယ်။ အိမ်ပျက်စီးတာတွေလည်းရှိခဲ့တယ်။ အခုပစ်တာက ဒုတိယအကြိမ်ပါ” လို့ ဒေသခံ နောက်တယောက်က ပြောပါတယ်။

တင်းတိမ်ရံ ကျေးရွာဟာ ရေဦးမြို့နဲ့ ၁၃ မိုင်ဝေးပြီး ဒီပဲယင်းမြို့နဲ့ ၃ မိုင်ကျော်ကျော်သာ ဝေးတဲ့ နှစ်မြို့နယ်ကြားက စံပြကျေးရွာ တရွာဖြစ်တယ်လို့လည်း သိရပါတယ်။

ရေဦးကာကွယ်ရေးခေါင်းဆောင်တယောက်က “အမှန်တိုင်းပြောရရင် ကျနော်တို့ တပ်ရင်းတပ်ဖွဲ့တွေက အဲဒီရွာကို ဈေးဝယ်သွားတာတော့ ရှိတယ်။ ၁ ပတ်ကို တရက်လောက်သာ သွားကြတာ။ ပြည်သူကို ကျနော်တို့အတွက်နဲ့ အခုလို မဖြစ် စေချင်ဘူးလေ။”လို့ ပြောပါတယ်။

ရေဦမြို့နယ်မှာ စက်တင်ဘာလအတွင်း စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတာကြောင့် ပြည်သူ ၄ ယောက်နဲ့ လက်နက်ကြီးနဲ့ပစ်တာကြောင့် ပြည်သ်တဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013