DVB Logo
Home
မြန်မာသတင်း
စွပ်စွဲခံမြန်မာ ၂ ဦးကို ထိုင်းရဲက တရားစွဲဖို့ တင်ပြချက် ပယ်ချ
DVB
·
October 9, 2014
စွပ်စွဲခံမြန်မာ ၂ ဦးကို ထိုင်းရဲက တရားစွဲဖို့ တင်ပြချက် ပယ်ချ
Donate to DVB

ထိုင်းနိုင်ငံ လိပ်ကျွန်းမှာ  ဗြိတိန်နိုင်ငံသား ၂ ဦးကို သတ်မှုနဲ့ မြန်မာနိုင်ငံသား ၂ ဦးကို ဖမ်းဆီးပြီး ရဲက တရားစွဲဖို့ တင်ပြထားချက်တွေကို အစိုးရ ဥပဒေအကြံပေးအဖွဲ့က ပယ်ချလိုက်ပါတယ်။

610x343xKoh-Tao.jpg.pagespeed.ic.E8vRFpeWEsထိုင်းရဲတပ်ဖွဲ့က  တရားစွဲဖို့ တင်ပြချက်တွေဟာ  မပြည့်စုံတာကြောင့် စွဲချက်ကို ပယ်ချလိုက် တာဖြစ်တယ်လို့ ထိုင်းသတင်းတွေမှာဖော်ပြပါတယ်။

ထိုင်းနိုင်ငံ ရဲမှုခင်းဌာန ဆရာဝန်ကြီး နဲ့ ထိုင်းသတင်းဌာန ASTV  တို့ မေးမြန်းချက်ထဲမှာ အခု အမှုမှာ မှုခင်းဆရာဝန်ကို မသုံးခဲ့တာ၊ ဥပဒေအတိုင်းအဖွဲ့ ၃ ဖွဲ့ ဆောင်ရွက်ရမှာ ဖြစ်ပေမယ့် ရဲတပ်ဖွဲ့တခုတည်း လုပ်ပြီး မှုခင်းဆရာဝန်၊ သက်သေ အထောက်အထား သိမ်းစည်းတဲ့ အဖွဲ့ မပါဘူးလို့ ထောက်ပြသွားပါတယ်။

ဒီအန်အေ စစ်တာကလည်း သူတို့ သတ်မှတ်ထားတဲ့ စည်းကမ်းတွေနဲ့ မကိုက်ညီဘူးလို့လည်း ပြောပါတယ်။ အမှု စပြီးစစ်ဆေးတည်းက သေချာရောရာတဲ့ အချက်ဘာမှ မရှိပဲ၊ တရားခံတွေ ထုတ်ပြနိုင်ခဲ့တာ တခုပဲရှိတယ်။ ကျန်တာ ဘာမှမရှိဘူးလို့ ဖြေဆိုသွားပါတယ်။

မြန်မာလူငယ် ၂ ဦးဟာ စက်တင်ဘာ ၁၅ ရက်နေ့က အသက်နှစ်ဆယ်ကျော် ဗြိတိသျှလူမျိုး လူငယ်အမျိုးသမီးတဦးနဲ့ အမျိုးသားတဦး ခိုတောင် ကျွန်းကမ်းစပ်မှာ သတ်ဖြတ်ခံခဲ့ရမှုနဲ့ ဖမ်းဆီးခံနေရတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013