DVB Logo
Home
မြန်မာသတင်း
BGF  ဗိုလ်မှူး စောမုတ်သုန်ကို ထိုင်းနိုင်ငံက ဖမ်းဝရမ်းထုတ်ကြောင်း သတင်းထွက်ပေါ်  
DVB
·
July 29, 2026
Photo: DVB
Photo: DVB
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ  BGF နယ်ခြားစောင့်တပ် အမှတ် ၄ ရဲ့ စစ်ဒေသမှူးအဆင့်ရှိ ဗိုလ်မှူး စောမုတ်သုန်ကို ထိုင်းနိုင်ငံ အထူးမှုခင်းစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ (DSI) နဲ့ ရာဇဝတ်မှုဆိုင်ရာ တရားရုံးတို့က ဖမ်းဝရမ်းထုတ်လိုက်တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ 

အွန်လိုင်းမှာ ထွက်ပေါ်နေတဲ့ အမိန့်စာမှာ - အသက် ၄၀ နှစ်ရှိ  ဗိုလ်မှူး Saw Eh Mote Tone  ဒါမှမဟုတ်  Mote thun ဟာ လူကုန်ကူးမှု ကျူးလွန်တဲ့၊ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှု ကျူးလွန်ထားတဲ့ နိုင်ငံခြားသားတွေကို နိုင်ငံပြင်ပသို့ ခေါ်ဆောင်တာ၊ စေလွှတ်တာ၊ တရားဥပဒေစိုးမိုးမှုအောက်မှ လွတ်ကင်းအောင် ကူညီတာ၊ ပုန်းခိုရာ နေရာစီစဉ်ပေးတာ စတဲ့ပြစ်မှုတွေ ကျူးလွန်ထားတာ စုံစမ်းသိရှိရတယ်လို့ DSI  ရဲ့  တရားရေးဌာနက  ဇူလိုင် ၂၇ ရက်နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။ 

အခင်းဖြစ်ပွားမှုနဲ့ ပတ်သက်တဲ့နေရာတွေမှာ အိန္ဒိယနိုင်ငံ (ကလကတ္တားမြို့)၊ အာရပ်စော်ဘွားများပြည်ထောင်စု (ဒူဘိုင်း)၊ ထိုင်းနိုင်ငံ (စမွတ်ပရကန်၊ ဘန်ကောက်၊ တာ့ခ် ) စတဲ့ ခရိုင်တွေနဲ့ မြန်မာနိုင်ငံ (မြဝတီခရိုင်) တို့ဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါ စွဲဆိုချက်တွေဟာ ထောင်ဒဏ် ၃ နှစ်ထက်မနည်း ကျခံရနိုင်တဲ့ ကြီးလေးတဲ့ ရာဇဝတ်မှုတွေ ဖြစ်ပြီး တရားခံအနေနဲ့ ထွက်ပြေးတိမ်းရှောင်နိုင်ခြေရှိခြင်း (ဒါမှမဟုတ်) သက်သေ အထောက်အထားတွေကို ဖျောက်ဖျက်ခြင်း၊  နှောင့်ယှက်ခြင်းတွေ  ပြုလုပ်နိုင်ခြေရှိတဲ့အတွက်  ဖမ်းဝရမ်းထုတ်ပြန်ရတာလို့ ထုတ်ပြန်ထားပါတယ်။

တရားစွဲဆိုချက် သက်တမ်းမှာ ၂၀၃၇ ခုနှစ် ဩဂုတ် ၁၆ ရက်ထိ ၁၁ နှစ်ကြာ တည်ရှိတယ်လို့  အမိန့်စာမှာ ဖော်ပြထားပြီး ဒီအမိန့်စာနဲ့ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

မြဝတီဒေသခံတယောက်က “စောမုတ်သုန်ဟာ ရာဇဝတ်မှုဂိုဏ်းတွေနဲ့ တရားမဝင်လုပ်ရပ် လုပ်ငန်းတွေ လုပ်ကိုင်နေသူ ဖြစ်တယ်။ ဒီလို ထိုင်းနိုင်ငံဘက်က ဖမ်းဝရမ်းထုတ်တာကတော့  မြန်မာစစ်အာဏာရှင်ဘက်က တွန်းအားပေးမှုကြောင့်လည်း ဖြစ်နိုင်တယ်”လို့ ပြောပါတယ်။ 

BGF ဗိုလ်မှူးစောမုတ်သုန်ကို စစ်အာဏာရှင်တပ်က ဖိအားပေး နုတ်ထွက်ခိုင်းခဲ့တဲ့အတွက် ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှာ တပ်ရင်း ၁၃ ခု၊ အရာရှိ ၇၇ ယောက်နဲ့ တပ်မမှူး ၁၃ ယောက်တို့နဲ့အတူ နုတ်ထွက်စာတင်ခဲ့ပါတယ်။

ဗိုလ်မှူးစောမုတ်သုန်ကို ဖမ်းဝရမ်းထုတ်တာနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံ အထူးမှုခင်းစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့  DSI  ရဲ့  ဝက်ဘ်ဆိုက်မှာ ‌ဖော်ပြထားခြင်းမရှိသေးသလို ထိုင်းထိပ်တန်းသတင်းဌာနတွေမှာလည်း ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013