DVB Logo
Home
မြန်မာသတင်း
မြန်မာအလုပ်သမားအရေး ထိုင်းဝန်ကြီးချုပ်နှင့် ဆွေးနွေးပေးရန် တောင်းဆို
DVB
·
October 8, 2014
မြန်မာအလုပ်သမားအရေး ထိုင်းဝန်ကြီးချုပ်နှင့် ဆွေးနွေးပေးရန် တောင်းဆို
Donate to DVB

မြန်မာအစိုးရအနေနဲ့ ထိုင်းဝန်ကြီးချုပ်နဲ့ တွေ့ဆုံတဲ့အခါ ထိုင်းရောက် မြန်မာ အလုပ်သမားတွေအရေးကို ထည့်သွင်းဆွေးနွေးဖို့ ထိုင်းရောက်  မြန်မာအလုပ်သမားတွေက တောင်းဆိုလိုက်ပါတယ်။

[caption id="attachment_67213" align="alignleft" width="300"]ထိုင်းဝန်ကြီးချုပ် ထိုင်းဝန်ကြီးချုပ်[/caption]

အောက်တိုဘာ ၉ ရက်ကနေ ၁၀ ရက်နေ့ထိ  ထိုင်းဝန်ကြီးချုပ်  ဗိုလ်ချုပ်ကြီးဟောင်း ပရာယုဒ် ချန်အိုချာ မြန်မာနိုင်ငံကို သွားရောက်ဖို့ရှိနေတာပါ။

နှစ်နိုင်ငံခေါင်းဆောင်တွေ တွေ့ဆုံ ဆွေးနွေးကြတဲ့အခါ ထိုင်းရောက် ရွှေ့ပြောင်းအ လုပ်သမားတွေရဲ့ အရေးကို ထည့်သွင်းဆွေးနွေးပေးဖို့  ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး ကွန်ရက်က  တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ဥပဒေပါအတိုင်း ခံစားခွင့် ရဖို့၊ အလုပ် သမားတို့အပေါ် မတရားအမြတ်ထုတ်နေကြတဲ့ အကျင့်ပျက်ဝန်ထမ်းတွေနဲ နှစ်နိုင်ငံ ပွဲစားတွေကို ဖော်ထုတ်အရေးယူဖို့ တောင်းဆိုထားပါတယ်။

လက်ရှိ ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမား ၃ သန်းလောက်ရှိနေတဲ့ထဲက  ၂ သန်းကျော် လောက်သာ အထောက်အထားရှိပြီး ကျန်သူတွေကတော့ အကာအကွယ်မဲ့နေတယ်လို့  ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက်အဖွဲ့ရဲ့ ဒုဥက္ကဋ္ဌ ဦးအောင်ကျော်က ပြောပါတယ်။

“ထိုင်းနိုင်ငံ ဒေသအတော်များများကို ကျနော်တို့ လေ့လာကြည့်တဲ့အခါမှာ တရက် လုပ်အား ၃၀၀ ရရမယ်ဆိုတဲ့နေရာမှာ အပြည့်အ၀ မရတဲ့သူတွေ အများကြီး ရှိနေတယ်။ ကျန်းမာရေးစောင့်ရှောက်မှု၊ လူမှုဖူလုံရေးကတ် မရသေးသူတွေလည်း အများကြီး ရှိနေတယ်။ အလုပ်အဓမ္မခိုင်းစေခံရတဲ့အမှုတွေလည်း ကျနော်တို့ တွေ့နေတယ်။ တရားဝင်အထောက်အထားရှိတဲ့ အလုပ်သမားတွေကို အကျင့်ပျက် ခြစားတဲ့ ၀န်ထမ်းတွေက ဖမ်းဆီးတာ၊ ငွေညှစ်တာ။ နောက် ပတ်စပို့ ရက် ၉၀ ပြည့်ရင် ဧည့်စာရင်းတိုင်တဲ့ လ၀ကရုံးကို သွားရတယ်။ အဲဒီမှာ ထိုင်းဥပဒေမှာ ပြဋ္ဌာန်းထားတာက မည်သည်အကျိုးခံစားခွင့်မှ ပေးဆောင်စရာမလိုလို့ ပြောသော်လည်း ပိုက်ဆံတွေ ပေးနေရတယ်။ ရွှေ့ပြောင်းအလုပ်သမားတွေဟာ နည်းမျိုးစုံနဲ့ ငွေကုန်နေတယ်။ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ဘ၀က ဥပဒေနဲ့ အကာကွယ်ပေးတာ အပြည့်အ၀မရလို့ အဲဒါကို ကျနော်တို့ တောင်းဆိုတာဖြစ်ပါတယ်။”

ဒါအပြင် လူသတ်မှုနဲ့ ပစ္စည်းခိုးမှု စတဲ့ ရာဇ၀တ်မှုတွေမှာ စွပ်စွဲဖမ်းဆီးခံရခြင်း၊ တရားစွဲဆို ရာမှာ ရှေ့နေနဲ့ စကားပြန်တို့ အထောက်အကူတွေ မရဘဲ တရားစီရင်ခံရတာ၊ သတ်ဖြတ်လုယက်တာလို ရာဇ၀တ်မှုတွေ ကျူးလွန်တာတွေလည်း ဖြစ်နေတယ်လို့ သူတို့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံမှာ အလုပ်သမားဆိုင်ရာဥပဒေတွေ ပြဋ္ဌာန်းထားပြီး တန်းတူခံစားခွင့်ပေး ထားတယ်လို့ ဆိုထားပေမယ့် လက်တွေ့မှာတော့ လုပ်ငန်းရှင်တွေရဲ့ မလိုက်နာမှုနဲ့ ဌာနဆိုင်ရာ ၀န်ထမ်းတွေရဲ့ လျစ်လျူရှုမှုကြောင့် ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ဆုံးရှုံးနေတယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013