DVB Logo
Home
မြန်မာသတင်း
မလေးရှားတွင် မသန်စွမ်းအမျိုးသမီးကို လိင်ပိုင်းကျူးလွန်မှုဖြင့် မြန်မာဒုက္ခသည် ၃ ဦး ဖမ်းဆီးခံရ
DVB
·
August 10, 2026
Photo: Raymond Manuel
Photo: Raymond Manuel
Donate to DVB

မလေးရှားနိုင်ငံမှာ မသန်စွမ်း အမျိုးသမီးတယောက်အပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုနဲ့ မြန်မာနိုင်ငံကနေလာတဲ့ ဒုက္ခသည် အမျိုးသား ၃ ယောက်ကို တာရန်ဂါနူရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တဲ့အကြောင်း Bernama သတင်းမှာ ဩဂုတ် ၉ ရက်က ဖော်ပြပါတယ်။

ကီမာမန်ခရိုင် ရဲမှူးကြီး မိုဟာမက်ရာဇီရော့စလီက အသက် ၁၉ နှစ်ကနေ ၂၈ နှစ် ကြားရှိတဲ့ အမျိုးသား ၃ ယောက်ကို အမျိုးသမီးတယောက်ရဲ့ တိုင်တန်းချက်ရရှိခဲ့ပြီးနောက် ဩဂုတ် ၇ ရက်က ဖမ်းဆီးခဲ့တာလို့ ပြောပါတယ်။

သူတို့ ၃ ယောက်ရဲ့ အမည်တွေကိုတော့ သတင်းမှာ ဖော်ပြထားတာမျိုးမရှိသလို ဘာလူမျိုးတွေ ဆိုတာကိုလည်း တိတိကျကျမသိရဘဲ ဆောက်လုပ်ရေးနဲ့ သန့်ရှင်းရေးလုပ်သားတွေအဖြစ် လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံကလာတဲ့ ဒုက္ခသည်တွေလို့ပဲ မလေးရှားသတင်းမှာ ဖော်ပြပါတယ်။

လက်ရှိမှာတော့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်ဖို့ သံသယရှိသူ ၃ ယောက်စလုံးကို ဩဂုတ် ၈ ရက်ကနေ ၁၂ ရက်အထိ ချုပ်မိန့်ယူထားသလို ပါဝင်ပတ်သက်နိုင်ခြေရှိတဲ့ တခြား သံသယရှိသူတွေကို စုံစမ်းဖော်ထုတ်ဖို့လည်း စုံစမ်းစစ် ဆေးမှုတွေ ဆက်လုပ်နေပါတယ်။

ဒီအမှုကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆ နဲ့ စုံစမ်းစစ်ဆေးနေတာဖြစ်ပြီး အသက် ၂၃ နှစ်အရွယ် နစ်နာသူဟာ ဉာဏ်ရည်မမီသူတယောက် ဖြစ်တာကြောင့် စုံစမ်းစစ်ဆေးမှုတွေ မပြီးစီးခင် ရဲတပ်ဖွဲ့အနေနဲ့ သေချာစိစစ်ဖို့နဲ့ သင့်တော်တဲ့အချိန်နဲ့ နေရာပေးဖို့ လိုအပ်တယ်လို့လည်း ခရိုင်ရဲမှူးကြီးက ပြောပါတယ်။

ဒါ့အပြင် သံသယရှိသူတွေနဲ့ ဆက်စပ်နေတဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု စွပ်စွဲချက်တွေကြောင့် ကမ်ပုန်း အန်ဂျင်ဂါဂျီတိုက်တန်းရှေ့မှာ လူစုလူဝေး ဖြစ်ပွားခဲ့တာကို ပြသထားတဲ့ ဗီဒီယိုတခုဟာလည်း TikTok လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေပါတယ်။

လက်ရှိမှာတော့ အမှုဟာ ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုအောက်မှာ ရှိနေဆဲဖြစ်တာကြောင့် အခြေအမြစ်မရှိတဲ့ ထင်ကြေးပေးတာတွေ မလုပ်ကြဖို့ ပြည်သူတွေကို အသိပေးထားကြောင်း သူက ပြောပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး သတင်းအချက်အလက် ရှိသူတွေအနေနဲ့ အနီးဆုံး ရဲစခန်းကို ဆက်သွယ်နိုင်သလို ဖုန်းနံပါတ် 09-859 2222 ကနေတဆင့် အမှူစစ် အရာရှိဆီ ဆက်သွယ်နိုင်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Source: Bernama 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013