DVB Logo
Home
အားကစား
ဂိုးသမား အလစ်ဆန်၏ဒဏ်ရာ စိုးရိမ်ရဟု လီဗာပူးနည်းပြ အတည်ပြု
DVB
·
October 6, 2024
ဂိုးသမား အလစ်ဆန်၏ဒဏ်ရာ စိုးရိမ်ရဟု လီဗာပူးနည်းပြ အတည်ပြု
Donate to DVB

ဂိုးသမားအလစ်ဆန်ရဲ့ ဒဏ်ရာအခြေအနေ စိုးရိမ်ရကြောင်း လီဗာပူးနည်းပြ အာနဲစလော့က အတည်ပြုသွားပါတယ်။

ဘရာဇီး ဂိုးသမားဟာ လီဗာပူးက ခရစ္စတယ်ပဲလေ့ကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့ ပွဲစဉ်မှာ တံကောက်ကြောဒဏ်ရာရရှိခဲ့ပြီး ပွဲချိန် ၇၉ မိနစ်မှာ လူစားလဲခဲ့ရတာပါ။

ဒဏ်ရာ အခြေအနေ ဆိုးရွားတာကြောင့် ဘရာဇီးအသင်းနဲ့ ပူးပေါင်းတော့မှာမဟုတ်တာ သေချာကြောင်း၊ ဒဏ်ရာအခြေအနေကို အသေးစိတ်စစ်ဆေးပြီး အနားပေးသွားရမှာဖြစ်ကြောင်း နည်းပြအာနဲစလော့က ပြောပါတယ်။

အလစ်ဆန်အနေနဲ့  ချဲလ်ဆီးနဲ့ နောက်တစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်ကို လွဲချော်နိုင်ပြီး လိုက်ဇစ်၊ အာဆင်နယ်အသင်းတွေနဲ့ ပွဲစဉ်တွေကို လွဲချော်ဖို့ရှိနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013