DVB Logo
Home
မြန်မာသတင်း
တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုက်ခိုက်ခံရပြီး ၅ ဦးသေ
DVB
·
October 5, 2024
တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုက်ခိုက်ခံရပြီး ၅ ဦးသေ
Donate to DVB

စစ်ကောင်စီ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်( တပခ)ကို ၂၃ ခုမြောက် မစ်ရှင်အဖြစ် အောက်တိုဘာ ၅ ရက် ဒီနေ့ မနက်ပိုင်းမှာ ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၅ ယောက် သေဆုံးခဲ့တယ်လို့ Brave Warriors For Myanmar ( BWM) အဖွဲ့ဆီက သိရပါတယ်။

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ တောင်ပိုင်းစစ်ဌာနချုပ်ထဲကို ပစ်ခတ်ခဲ့တာဖြစ်ပြီး ဒီမနက် မနက် ၄ နာရီခွဲလောက်မှာ ပေါက်ကွဲသံတွေ ဆက်တိုက် ကြားခဲ့ရတယ်လို တောင်ငူမြို့ခံတွေက ပြောပါတယ်။

တောင်ငူမြို့ခံတယောက်က “ဒီမနက် ၄ ခွဲနဲ့ ၅ နာရီကြားလောက်မှာ ဗုံးပေါက်တာ ၄ ကြိမ်၊ ၅ ကြိမ်လောက် ကြားရတယ်။ တပခဝန်းထဲမှာလို့ ပြောတယ်။ မီးတွေလည်း အခုထိ ဖြတ်ထားတယ်”

နေ့လယ် ၁၂ နာရီကျော်လောက်မှာတော့ Brave Warriors For Myanmar ( BWM)အဖွဲ့က မစ်ရှင်အတွက် စာထုတ်ပြန်ခဲ့ပြီး ဒီတိုက်ခိုက်မှုတွေကို BWM အဖွဲ၊ NSA31 မြို့ပြပြောက်ကျားအဖွဲ့နဲ့ စစ်တောင်းမြစ်ဝှမ်း ရေတာရှည်ပူးပေါင်းစစ်ဆင်ရေးအဖွဲ့တို့က စုစုပေါင်း ရှော့တိုက်ဒုံး ၅ လုံးနဲ့ ပစ်ခတ်ဖို့ စီစဉ်ခဲ့ပေမဲ့ ၄ လုံးပဲ ပစ်ခတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

BWM အဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ရှိသူက “ကျနော်တို့ရဲဘော်တွေအားလုံး ဘေးကင်းပါတယ်။ တောင်ငူတဝိုက် စစ်စခန်းတွေကို ပြောရမယ်ဆိုရင် တောင်ငူ လေတပ်စခန်းကို ၃ ကြိမ် တိုက်ခိုက်ခဲ့ပြီးပါပြီ။ တောင်ငူက တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ကိုတော့ ဒါ ပထမဆုံး အကြိမ် ဖြစ်ပါတယ်။ စစ်ကောင်စီဘက်က သေဆုံးမှုကိုတော့ တပ်တွင်းသတင်းရင်းမြစ်များအရ သိရှိရခြင်းဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဒီတိုက်ခိုက်မှုကြောင့်  တပခ စခန်းရုံးနဲ့ လုံခြုံရေးဂိတ်တွေ ပျက်စီးသွားခဲ့သလို စစ်ကောင်စီ တပ်ဖွဲ့ဝင် ၅ ယောက် သေဆုံး၊ အရာရှိ ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး  နောက်ထပ် အထိအခိုက်တွေကိုတော့ ဆက်လက်စုံစမ်းဆဲဖြစ်တယ်လို့ BWM အဖွဲ့က ဆိုပါတယ်။

BWM အဖွဲ့ပြန်ကြားရေးတာဝန်ရှိသူက “ကျနော်တို့ BWM နဲ့ မဟာမိတ်အဖွဲ့တွေအနေနဲ့ စစ်ကောင်စီရဲ့ အရေးပါတဲ့ ပစ်မှတ်တွေကို အဓိကထားတိုက်ခိုက်နေတာဖြစ်လို့ စစ်ကောင်စီစ ခန်းများနဲ့ တတ်နိုင်သမျှ ဝေးဝေးနေဖို့ ပြောချင်ပါ တယ်။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီလို နေရာတွေဟာ အချိန်မရွေး နေရာမရွေး ပေါက်ကွဲမှုတွေ၊ တိုက်ခိုက်မှုတွေ ရှိလာနိုင်တာမို့ ပြည်သူကို အတတ်နိုင်ဆုံးမထိခိုက်စေချင်လို့ပါ” လို့ ပြောပါတယ်။

တပခထဲမှာ ကရင်ပြည်နဲ့ ပဲခူးတိုင်းက တော်လှန်ရေးတပ်တွေကို တိုက်ခိုက်ဖို့ ဒရုန်းအစင်း ၁၀၀ ရောက်ရှိနေသလို တိုက်ခိုက်ဖို့ အမိန့်ပေးကွပ်ကဲနေတဲ့ အဓိကဌာနချုပ်ဖြစ်တာကြောင့် BWM နဲ့ မဟာမိတ်တပ်တွေက ပူးပေါင်းစစ်ဆင်ရေးလုပ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီအတွက်တော့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ပထမဆုံးအကြိမ် တိုက်ခိုက်ခံရတာပဲ ဖြစ်ပါတယ်။

BWM အဖွဲ့ဟာ ၂၀၂၃ မတ်လ ၂၆ ရက်နေ့ကစလို့ နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း  ပဲခူးတိုင်းနဲ့ မကွေးတိုင်းတို့က စစ်ဆင်ရေး ၂၃ ခုမှာ ပံ့ပိုးကူညီတာ၊ စီမံတာစသဖြင့် ပါဝင်ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013