
တိုက်ဖွန်းခရာသွန်ကြောင့် ပျောက်ဆုံးခဲ့သူ ၂ ဦးရဲ့ ကို သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့ပါတယ်။
ဒီတပတ်အတွင်း တိုက်ခတ်ခဲ့တဲ့ ခရာသွန်ကြောင့် လေပြင်းထန်ပြီး မိုးသည်းထန်ခဲ့ကာ အစောပိုင်း က သေဆုံးသူ ၂ ဦး ရှိခဲ့ကာ သေဆုံးသူအရေအတွက် ၄ ဦးအထိ တိုးလာတာဖြစ်ပါတယ်။
ထိုင်ဝမ်ကျွန်းပေါ်မှာရှိတဲ့ အိမ် ၂၀၀၀၀ ကျော်ကလည်း စနေနေ့အထိ လျှပ်စစ်အား ဖြတ်တောက်မှုတွေ ပြုလုပ်ထားပါတယ်။
ကောင်းရှုံမြို့တောင်ပိုင်း ဆိပ်ကမ်းမြို့ဟာ လေပြင်းတိုက်ခိုက်မှုဒဏ်ကို အပြင်းထန်ဆုံးခံခဲ့ရတာ ဖြစ်ပါတယ်။
ခရာသွန်မုန်တိုင်းကြောင့် ရေကြီးမှုတွေ၊ လေပြင်းတိုက်ခတ်မှုတွေခံစားရပြီး လူ ၇၀၀ ကျော် ဒဏ်ရာ ရရှိခဲ့ပါတယ်။ မုန်တိုင်းပြီးဆုံးချိန်မှာလည်း ရွှံနွံတွေ အထပ်လိုက်တင်ကျန်ခဲ့တယ်လို့ ဖော်ပြပါတယ်။
မိုးသည်းထန်မှုက တိုင်ပေရှိ ဒေသတွေမှာ မြေပြိုတာတွေ၊ ရေကြီးမှုတွေဖြစ်ပွားခဲ့တယ်လို့ တာဝန်ရှိ သူတွေက ဆိုပါတယ်။
ကီးလန်းအနီးအနားနဲ့ မြို့တွေမှာ မြေပြိုမှုတွေရှိခဲ့ပြီး စစ်သား ၂၅၀ ကို လမ်းရှင်းဖို့နဲ့ ရေမြောင်းတွေ ရှင်းလင်းဖို့ ကာကွယ်ရေးဝန်ကြီးဌာနက အသုံးပြုထားတယ်လို့ ဆိုပါတယ်။
ထိုင်ဝမ်ဟာ ဇူလိုင်ကနေ အောက်တိုဘာလအထိ အားပြင်းတဲ့ အပူပိုင်းမုန်တိုင်းတွေ တိုက်ခတ်လေ့ ရှိပေမဲ့ သိပ္ပံပညာရှင်တွေကတော့ ရာသီဥတုပြောင်းလဲမှုတွေကို သတိပေးထားပါတယ်။
ရာသီဥတုပြောင်းလဲမှုက မိုးကြီးမှု၊ ရေကြီးမှု၊ လေပြင်းတိုက်ခိုက်မှုများ အရင်ကထက်ပိုပြီး တိုးလာမယ်လို့ သတိပေးထားတာပါ။
ပြီးခဲ့တဲ့ ဇူလိုင်လကလည်း ထိုင်ဝမ်ကို ဂီမီမုန် တိုင်းဝင်ရောက်ခဲ့ဖူးပါတယ်။ ဒါဟာ ၈ နှစ်အတွင်း အားအပြင်းဆုံးတိုင်ဖုန်းမုန်တိုင်းဖြစ်ခဲ့ပြီး အဲ့ဒီတုန်းက ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
ဂီမီမုန်တိုင်းကြောင့် လူရာကျော် ထိခိုက်ဒဏ်ရာရခဲ့ပြီး ရေကြီးမှုတွေလည်း ဖြစ်ပွားခဲ့ပါသေးတယ်။
Source-Reuters