DVB Logo
Home
မြန်မာသတင်း
ကျိန္တလီကို စစ်‌တပ် ဗုံးကြဲသဖြင့် ဒေသခံ ၂ ‌ဦး ဒဏ်ရာရ
DVB
·
June 21, 2026
Photo : APM
Photo : APM
Donate to DVB

ရခိုင်ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်‌တပ်က ဇွန် ၂၀ ရက် နေ့လယ်မှာ ဗုံးကြဲလို့ ဒေသခံ ၂ ယောက် ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

ပေါင် ၅၀၀ ဗုံးကြဲခဲ့တာလို့ သိရပြီး သိပ္ပံလမ်းနဲ့ ကိန္နရီလမ်းကို ကျရောက်ပေါက်ကွဲလို့ ကျိန္တလီမြို့၊ အမှတ် ၂ ရပ်ကွက်က အသက် ၅၇ နှစ်အရွယ် ဒေါ်တင်တင်ဝင်း နဲ့ ၆၇ နှစ်အရွယ် ဦးခင်မောင်ဝင်း တို့ ဖြစ်ကြပါတယ်။

အိမ်တချို့လည်း ပြိုကျပျက်စီးခဲ့ပြီး ဇွန် ၁၄ ရက် နေ့ကလည်း ဂွမြို့နယ်၊ ကျောက်ချွန်ရွာကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ ၁ ယောက် ဒဏ်ရာရပြီး အိမ်မွေးတိရစ္ဆာန်တချို့ သေဆုံးသလို စာသင်ကျောင်းတကျောင်းအပါဝင် လူ‌နေအိမ်တချို့ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဒေသခံတယောက်က “ကျိန္တလီကိုပဲ လာလာပစ်တယ် လေကြောင်းကနေပြီး။ ရေကြောင်းကဆိုလည်း နေဗီက မကြာမကြာ ပစ်ခတ်ခံရတယ်။ ဒေသခံတွေက လေကြောင်းနဲ့ ရေကြောင်းကို အဓိကထား ကြောက်နေရတယ်” လို့ ပြောပါတယ်။

အလားတူ ဇွန် ၁၅ ရက် ည ၇နာရီလောက်ကလည်း ကျိန္တလီမြို့၊ ရမ္မာကျွန်းကျေးရွာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံပြည်သူ ၂ ယောက် သေဆုံး၊ ၄ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပြီး လူနေအိမ်တချို့ ပျက်စီးသွားခဲ့ရတယ်လို့ အာရက္ခတပ်တော် AA က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာ ရခိုင်ပြည်နယ်က ကျောက်တော်နဲ့ ဂွမြို့နယ်ထဲကို ရက်ဆက်ဆိုသလို ဗုံးကြဲတိုက်ခိုက်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013