DVB Logo
Home
နိုင်ငံတကာ
ဗြိတိန်က ချားဂို့စ်ကျွန်းစုကို မောရစ်သျှနိုင်ငံထံ လွှဲပြောင်းပေး
DVB
·
October 4, 2024
ဗြိတိန်က ချားဂို့စ်ကျွန်းစုကို မောရစ်သျှနိုင်ငံထံ လွှဲပြောင်းပေး
Donate to DVB

နှစ် ၆၀ နီးပါးအကြာမှာ ဗြိတိန်နိုင်ငံက ချားဂို့စ်ကျွန်းရဲ့ အချုပ်အခြာအာဏာကို စွန့်လွှတ်ပြီး အရှေ့အာဖရိကနိုင်ငံတခုဖြစ်တဲ့ မောရစ်သျှဆီ ပြန်လည်အပ်နှံတော့မှာဖြစ်ကြောင်း အတည်ပြု ကြေညာလိုက်ပါတယ်။

ဒါကြောင့် နှစ်အတန်ကြာ ဆွေးနွေးခဲ့ရတဲ့ သမိုင်းဝင်သဘောတူညီချက်အရ ဗြိတိန်​က ချားဂို့စ်ကျွန်းစုကို မောရစ်သျှဆီ ပြန်လက်လွှဲပေးတော့မှာပါ။

ဗြိတိန်နဲ့ မောရစ်သျှ ဝန်ကြီးချုပ်တွေကလည်း ဆယ်စုနှစ်များစွာကြာအောင် ဒီနှစ်နိုင်ငံကြား ကွဲလွဲနေခဲ့တဲ့ သဘောတူညီချက်ကို အဆုံးသတ်နိုင်ခဲ့ပြီလို့ ပူးတွဲကြေညာချက် ထုတ်ပြန်ပါတယ်။

အဲဒီကျွန်းစုထဲမှာ ဒီယေဂို ဂါစီယာ အမည်ရ အပူပိုင်းကျွန်းငယ်တခု ပါဝင်တဲ့အပြင် အမေရိကန်နဲ့ ဗြိတိန်ရဲ့ ရေတပ်သင်္ဘောတွ၊ ဗုံးကြဲလေယာဉ်တွေအတွက် စစ်အခြေစိုက်စခန်းတခုပါ တည်ရှိပါတယ်။

တရုတ်၊ အိန္ဒိယနဲ့ အနောက်နိုင်ငံတွေကြားမှာလည်း ပထဝီနိုင်ငံရေးအရ ဒေသတွင်း ပြိုင်ဆိုင်မှုတွေ မြင့်တက်လာတာကြောင့် ဒီပူးပေါင်းစခန်းတော့ ဆက်ရှိနေဦးမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဗြိတိန်က နှစ်စဉ်ငွေကြေးထောက်ပံ့မှုနဲ့ အခြေခံအဆောက်အအုံအတွက် ရင်းနှီးမြှုပ်နှံတာမျိုး အပါအဝင် ဘဏ္ဍာရေးအကူအညီတွေပါ မောရစ်သျှကို ပေးအပ်မှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

မောရစ်သျှနိုင်ငံက ပြန်လည်နေရာချထားရေး အစီအစဉ်ကို မကြာခင် စတင်နိုင်မှာ ဖြစ်ပေမဲ့လည်း ဒီယေဂို ဂါစီယာကျွန်းတော့ ပါဝင်ခြင်းမရှိပါဘူး။

ဒါဟာ ဗြိတိန်နိုင်ငံက စစ်ဘက်စခန်းဆက်ရှိနေမယ့် ကာလကို  ၉၉ နှစ်အထိ ကနဦး သတ်မှတ်ထားတာကြောင့် ဖြစ်ပါတယ်။

မောရစ်သျှအစိုးရကတော့ ကိုယ်ပိုင်လွတ်လပ်ရေးရဖို့အတွက် ချားဂို့စ်ကျွန်းကို ၁၉၆၇ ခုနှစ်မှာ တရားမဝင်စွာနဲ့  အတင်းအကျပ် ပေးအပ်ခဲ့ရတယ်လို့ ဝေဖန်ထားပါတယ်။

အဲဒီကျွန်းတွေပေါ်က ဒေသခံ ၁,၀၀၀ ကျော်ကို အတင်းအဓမ္မ ဖယ်ရှားခဲ့တဲ့အတွက်လည်း ဗြိတိန်နိုင်ငံအနေနဲ့ တောင်းပန်ခဲ့ရဖူးပါတယ်။

မဟာဗျူဟာမြောက် ရည်ရွယ်ချက်တွေအတွက် မလိုအပ်တော့တဲ့အခါ ဒီကျွန်းစုကို လွှဲပြောင်းပေးမယ်ဆိုပြီး ဗြိတိန်က ကတိပြုထားတာ ဖြစ်ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013