DVB Logo
Home
နိုင်ငံတကာ
ဒမတ်စကတ်တွင် အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃ ဦး သေဆုံး
DVB
·
October 3, 2024
ဒမတ်စကတ်တွင် အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃ ဦး သေဆုံး
Donate to DVB

ဆီးရီးယားမြို့တော် ဒမတ်စကတ်မှာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သား ၃ ယောက် သေဆုံးပြီး ၉ ယောက် ဒဏ်ရာ ရရှိခဲ့ကြောင်း စစ်ဘက်သတင်းရင်းမြစ်ကို ကိုးကားပြီး အောက်တိုဘာ ၁ ရက်က ဆီးရီးယားနိုင်ငံပိုင် မီဒီယာမှာ ဖော်ပြပါတယ်။

ဆီးရီးယား လေကြောင်းကာကွယ်ရေးတပ်တွေဟာ ဒမတ်စကတ်အနီးတဝိုက်မှာ ရန်သူ့ပစ်မှတ်တွေကို တညတည်းမှာ ၃ ကြိမ် ဆက်တိုက် ကြားဖြတ်ဟန့်တားခဲ့ပြီး အဲဒီနောက်ပိုင်း မြို့တော်မှာ ပေါက်ကွဲသံတွေကို ကြားခဲ့ရကြောင်း နိုင်ငံပိုင်မီဒီယာက အင်္ဂါနေ့အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။

အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပုဂ္ဂလိကပိုင်ပစ္စည်းတွေကို သိသိသာသာ ထိခိုက်ပျက်စီးစေခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ပြောကြားခဲ့ပါတယ်။

ဒမတ်စကတ်ကို အစ္စရေးရဲ့ တိုက်ခိုက်မှုအတွင်း ဆီးရီးယားအစိုးရပိုင် ရုပ်မြင်သံကြားက  သတင်းတင်ဆက်သူတယောက်လည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ သေဆုံးသွားတဲ့ ရုပ်မြင်သံကြား အစီအစဉ်တင်ဆက်သူ ဆာဖာအာမဒ်ဟာ နိုင်ငံပိုင် ဆီးရီးယားရုပ်သံမှာ လူမှုရေးစကားဝိုင်း အမျိုးမျိုးမှာ တင်ဆက်သူလည်း ဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး မေးမြန်းရာမှာ အစ္စရေးစစ်တပ်က ပြည်ပမီဒီယာတွေရဲ့ သတင်းတွေကို မှတ်ချက်မပေးဘူးလို့ ပြောကြားခဲ့ပါတယ်။

အစ္စရေးဟာ ဆီးရီးယားရှိ အီရန်နဲ့ဆက်နွှယ်နေတဲ့ ပစ်မှတ်တွေကို နှစ်အတန်ကြာ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပေမဲ့ ပါလက်စတိုင်းစစ်သွေးကြွ ဟားမတ်စ်အဖွဲ့က မနှစ် အောက်တိုဘာ ၇ ရက်က တိုက်ခိုက်မှုနောက်ပိုင်း ခုလို စီးနင်းတိုက်ခိုက်မှု အရှိန်မြှင့်လာခဲ့တာ ဖြစ်ပါတယ်။ 

Source-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013