DVB Logo
Home
နိုင်ငံတကာ
မက္ကဆီကို ပထမဆုံး အမျိုးသမီးသမ္မတ ကျမ်းသစ္စာကျိန်ဆို၊ ကျောင်းသားနှင့် တရားရေးဝန်ထမ်းများ ဆန္ဒပြ
DVB
·
October 2, 2024
မက္ကဆီကို ပထမဆုံး အမျိုးသမီးသမ္မတ ကျမ်းသစ္စာကျိန်ဆို၊ ကျောင်းသားနှင့် တရားရေးဝန်ထမ်းများ ဆန္ဒပြ
Donate to DVB

မက္ကဆီကိုနိုင်ငံမှာ အောက်တိုဘာ ၁ ရက်က ပထမဆုံး အမျိုးသမီး သမ္မတ ကလောက်ဒီယာ ရှိန်းဘောင်းမ်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို မက္ကဆီကိုကွန်ဂရက်မှာ ကျင်းပနေချိန်မှာပဲ ကျောင်းသားတွေနဲ့ တရားစီရင်ရေးဝန်ထမ်းတွေဟာ ကွန်ဂရက်မှ မကြာသေးမီက အတည်ပြုခဲ့တဲ့ တရားစီရင်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုကို ကန့်ကွက်ပြီး လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။  

အသက် ၆၂ နှစ်အရွယ် သိပ္ပံပညာရှင်နဲ့ မက္ကဆီကိုစီးတီး မြို့တော်ဝန်ဟောင်းဖြစ်တဲ့ သမ္မတသစ် ရှိန်းဘောင်းမ် ဟာ ၂၀၃၀ ခုအထိ ၆ နှစ်တာ သမ္မတသက်တမ်းအတွက် မက္ကဆီကိုကွန်ဂရက်မှာ အခမ်းအနားနဲ့ ကျမ်းသစ္စာကျိန်ဆိုခဲ့တာပါ။ 

နိုင်ငံဟာ ဂိုဏ်းဖွဲ့ အကြမ်းဖက်ရာဇ၀တ်မှုတွေနဲ့ ရုန်းကန်နေရချိန်ဖြစ်ပြီး လက်တင်အမေရိကရဲ့ နံပါတ် ၂ စီးပွားရေးနိုင်ငံမှာ အလွန်အမင်း လိုငွေပြနေချိန်လည်း ဖြစ်ပါတယ်။ 

ကွန်ဂရက်အဆောက်အအုံ အပြင်ဘက်နဲ့ တော်လှန်ရေးအထိမ်းအမှတ် ကျောက်တိုင်တို့မှာ တက္ကသိုလ်ကျောင်းသားတွေနဲ့ တရားစီရင်ရေးမဏ္ဍိုင်မှ လုပ်သားတွေဟာ သမ္မတအသစ်နဲ့ တွေ့ဆုံဆွေးနွေးဖို့ အပြိုင်ချီတက် ဆန္ဒပြခဲ့ကြတာပါ။ 

နုတ်ထွက်သွားတဲ့ သမ္မတဟောင်း လိုပက်ဇ် အိုဘရာဒေါက တရားသူကြီးတွေကို လူထုဆန္ဒမဲနဲ့ ရွေးကောက်တင်မြှောက်ခံဖို့ အဆိုပြုတဲ့ အငြင်းပွားဖွယ် တရားစီရင်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုကို မက္ကဆီကိုကွန်ဂရက်က စက်တင်ဘာလမှာ အတည်ပြုခဲ့တာဖြစ်ပြီး တရားဥပဒေစိုးမိုးရေးကို အန္တရာယ်ဖြစ်စေတဲ့ အတွက် ပြည်တွင်းနဲ့ နိုင်ငံတကာက ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။ 

ပြီးခဲ့တဲ့ ဇွန်လရွေးကောက်ပွဲမှာ သမ္မတဟောင်း လိုပက်ဇ် အိုဘရာဒေါရဲ့ အရှိန်အဝါနဲ့ သူ့နောက်လိုက် ရှိန်းဘောင်းမ်ကို အပြတ်အသတ်အနိုင်ရရှိအောင် ကူညီပေးခဲ့တာဖြစ်ပြီး ရှိန်းဘောင်းမ်ကလည်း ပြောင်းလဲမှုနဲ့အတူ ဆက်ရှိနေမယ်လို့ ကတိပြု ကြွေးကြော်ပြီးတော့ ရွေးကောက်ပွဲကို အပြတ်အသတ် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013