DVB Logo
Home
နိုင်ငံတကာ
ဟယ်လင်မုန်တိုင်းကြောင့် အမေရိကန်တွင် လူ ၁၀၀ ခန့်သေဆုံး၊ ပြန်လည်ထူထောင်ရေးစတင်
DVB
·
September 30, 2024
ဟယ်လင်မုန်တိုင်းကြောင့် အမေရိကန်တွင် လူ ၁၀၀ ခန့်သေဆုံး၊ ပြန်လည်ထူထောင်ရေးစတင်
Donate to DVB

ဟယ်လင်တိုင်ဖွန်းမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ အမေရိကန်အရှေ့တောင်ပိုင်းမှာ အကြီးစားရှင်းလင်းရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ စတင်နေပြီဖြစ်ပါတယ်။

သေဆုံးသူအရေအတွက်က ၁၀၀ နီးပါးရှိလာသလို လူသန်းနဲ့ချီ ဓာတ်အားပြတ်တောက်ခဲ့ရပြီး၊ လမ်းတွေ၊ တံတားတွေ အမြောက်အမြား ပျက်စီးခဲ့ရသလို ဖလော်ရီဒါကနေ ဗာဂျီးနီးယားပြည်နယ်အထိ ရေကြီး ရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

မြောက်နဲ့ တောင် ကာရိုလိုင်းနား၊ ဂျော်ဂျီယာ၊ ဖလော်ရီဒါ၊ တင်နက်ဆီနဲ့ ဗာဂျီးနီးယားပြည်နယ်မှာ တရားဝင်စာရင်းတွေအရ သေဆုံးသူ ၉၃ ထက်မနည်း အတည်ပြုနိုင်ပြီဖြစ်ပြီး အလောင်းတွေ ထပ်တွေ့နိုင်သေးတယ်လို့ တာဝန်ရှိသူတွေက ခန့်မှန်းပါတယ်။

ဒေသတဝန်းမှာ ဆဲလ်ဖုန်းတာဝါတိုင်တွေ ထိခိုက်ခဲ့တဲ့အတွက် ဆက်သွယ်ရေးခက်ခဲမှုတွေ ရှိနေဆဲဖြစ်ပါတယ်။

ပျက်စီးမှုက ဒေါ်လာ ၁၅ ဘီလီယံကနေ ဘီလီယံ ၁၀၀ အထိ ရှိနိုင်တယ်လို့ အာမခံလုပ်ငန်းတွေက သုံးသပ်ထားပါတယ်။

ရေပေးဝေရေးစနစ်တွေ၊ ဆက်သွယ်ရေးစနစ်တွေနဲ့ ပို့ဆောင်ရေးလမ်းကြောင်းတွေ အပေါ် အဓိက သက်ရောက်ခဲ့ပြီး ပစ္စည်းဆုံးရှုံးမှုနဲ့ စီးပွားရေးအရ သက်ရောက်မှုကတော့ အကဲဖြတ်ချက် ထွက်လာတဲ့အထိ စောင့်ရမှာဖြစ်ပါတယ်။

ပြည်နယ် ၁၉ ပြည်နယ်နဲ့ ဗဟိုအစိုးရရဲ့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေဟာ ဆက်လက်လှုပ်ရှားနေကြဆဲဖြစ်ပြီး တချို့လမ်းပိုင်းတွေ ပြင်ဆင်ရေးကတော့ လနဲ့ချီ ကြာနိုင်တယ်လို့ခန့်မှန်းထားပါတယ်

 တနင်္ဂနွေနေ့အထိ တောင်ပိုင်းမှာ လူ ၂ ဒသမ ၇ သန်းလောက် ဓာတ်အားပြတ်တောက်မှုနဲ့  ကြုံနေရဆဲဖြစ်ပြီး ဒါဟာ သောကြာနေ့ကထက်  ၄၀ ရာခိုင်နှုန်းလျှော့ချနိုင်တာဖြစ်ပါတယ်။ သမ္မတဂျိုးဘိုင်ဒင်ဟာ မုန်တိုင်းသင့်ဧရိယာကို လာရောက်ကြည့်ရှုဖို့ စီစဉ်ထားပြီး အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေအပေါ် အနှောင့်အယှက်မဖြစ်စေဘဲ လာလို့ရပြီဆိုတာနဲ့ လာကြည့်မှာဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013