DVB Logo
Home
နိုင်ငံတကာ
ဒေါ်နယ်ထရမ့်ပ်က တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများကို အပြင်းထန်ဆုံး ဝေဖန်ထိုးနှက်
DVB
·
September 29, 2024
ဒေါ်နယ်ထရမ့်ပ်က တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများကို အပြင်းထန်ဆုံး ဝေဖန်ထိုးနှက်
Donate to DVB

ရွှေ့ပြောင်းအခြေချသူတွေဟာ နယ်စပ်ကို တရားမဝင်ဖြတ်ကျော်လာပြီး ရာဇဝတ်မှုတွေ ကျူးလွန်နေသူတွေ၊ အထူးသဖြင့် အမျိုးသမီးတွေကို နှောင့်ယှက် စော်ကားနေသူတွေ ဖြစ်တယ်လို့ ရီပတ်ဘလီကန်သမ္မလောင်း ဒေါ်နယ်ထရမ့်ပ်က ဝစ္စကွန်ဆင်ပြည်နယ်မှာ စက်တင်ဘာ ၂၈ ရက်နေ့က မဲဆွယ်စဉ်မှာ  အပြင်းအထန်ဝေဖန်ခဲ့ပါတယ်။

ပြိုင်ဘက် ကမ်မလာဟားရစ်ဟာလည်း ‘စိတ်မမှန်သူ’၊ ကျပ်မပြည့်သူ ဖြစ်တယ်လို့ ပုဂ္ဂိုလ်ရေး ထိုးနှက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

ရွေးကောက်ပွဲအတွက် အဆုံးအဖြတ်ဖြစ်လာနိုင်တဲ့ စစ်မြေပြင်တခုလို့ တင်စားကြတဲ့ ဝစ္စကွန်ဆင်မှာ မဲဆွယ်နေတဲ့ ထရမ့်ပ်က  လူသတ်မှုနဲ့ အကြမ်းဖက်ရာဇဝတ်မှုတွေကြောင့် အဖမ်းခံခဲ့ရတဲ့ တရားမဝင်ရွှေ့ပြောင်းတွေရဲ့ ပိုစတာပုံတွေ ခြံရံပြီးတော့ မိန့်ခွန်းပြောခဲ့တာ ဖြစ်ပါတယ်။

“ရွှေ့ပြောင်းရာဇဝတ်မှု အဆုံးသတ်”၊ “တရားမဝင်တွေကို အခုချက်ချင်းနှင်ထုတ်” ဆိုတဲ့ စာတန်းတွေလည်း ချိတ်ဆွဲထားပါတယ်။

ထရမ့်ရဲ့ မိန့်ခွန်းတခုလုံးနီးပါးမှာ အထောက်အထားမဲ့ ရွှေ့ပြောင်းတွေကိုပဲ ပစ်မှတ်ထား ပြောသွားပါတယ်။ 

အကြမ်းဖက်ရာဇဝတ်မှု ကျူးလွန်တဲ့ ရွှေ့ပြောင်းတွေဟာ မိစ္ဆာတွေ၊ သွေးအေး လူသတ်သမားတွေ၊ တိရစ္ဆာန်အရိုင်းအစိုင်းတွေလို့လည်း ပြောသွားပါတယ်။

နိုဝင်ဘာ ၅ ရက် ရွေးကောက်ပွဲမတိုင်မီ နောက်ဆုံးစစ်တမ်းတွေအရ ထရမ့်ပ်နဲ့ ဟားရစ်က အပြိုင်ဖြစ်နေတဲ့အတွက် မဲဆန္ဒရှင်တွေ အလေးအထားဆုံး ပြဿနာတခုဖြစ်တဲ့ ရွှေ့ပြောင်းကိစ္စကို အဓိကထား မဲဆွယ်နေကြတာဖြစ်ပါတယ်။

ဟားရစ်နဲ့ ဘိုင်ဒင်အစိုးရဟာ တရားမဝင်ရွှေ့ပြောင်းတွေ ပေးဝင်ပြီး အမေရိကန်ပြည်သူတွေကို မုဒိမ်းကျင့်၊ လုယက်၊ ခိုးဝှက်၊ သတ်ဖြတ်ခိုင်းနေတယ်လို့ ထရမ့်ပ်က ဝေဖန်ခဲ့ပါတယ်။

ဒါပေမဲ့ အချက်အလက်တွေအရ ဘိုင်ဒင်အစိုးရလက်ထက်မှာ အမေရိကန်-မက္ကဆီကို နယ်စပ်ကို တရားမဝင်ဖြတ်ကျော်လာတဲ့ ရွှေ့ပြောင်း ၇ သန်းအထိ ဖမ်းဆီးခဲ့ပြီး ဒီအရေအတွက်ဟာ သမိုင်းတလျှောက် အမြင့်ဆုံးဖြစ်သလို ထရမ့်ပ်သမ္မတလက်ထက်ကထက်ပါ ပိုများနေတာ ဖြစ်ပါတယ်။

ကမ်မလာဟားရစ်ကလည်း နယ်စပ်ကို ပိုတင်းကျပ်ဖို့ ပြောထားပြီး အမေရိကန်-မက္ကဆီကို နယ်စပ်ကို သွားရောက်လေ့လာခဲ့ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013