DVB Logo
Home
နိုင်ငံတကာ
အိန္ဒိယတောင်ပိုင်းရှိ iPhone ပစ္စည်းထုတ်စက်ရုံ မီးလောင်မှုကြောင့် လုပ်ငန်းရပ်နား
DVB
·
September 29, 2024
အိန္ဒိယတောင်ပိုင်းရှိ iPhone ပစ္စည်းထုတ်စက်ရုံ မီးလောင်မှုကြောင့် လုပ်ငန်းရပ်နား
Donate to DVB

အိန္ဒိယနိုင်ငံတောင်ပိုင်း၊ တမီလ်နာဒူးပြည်နယ်၊ ဟိုဆူရ်မြို့ရှိ တာတာအီလက်ထရွန်းနစ်စက်ရုံမှာ မီးလောင်မှုဖြစ်ပွားခဲ့လို့ စက်ရုံတွင်း မီးလောင်မှုကို ထိန်းချုပ်ဖို့ လုပ်ဆောင်နေပြီး စက်တင်ဘာ ၂၈ ရက်က ထုတ်လုပ်မှု ရပ်တန့်သွားပါတယ်။

Apple ရဲ့ iPhone အတွက် အစိတ်အပိုင်းတွေကို ထုတ်လုပ်တဲ့စက်ရုံမှာ လူအသေအပျောက် သတင်းတွေတော့ မရှိပါဘူး။

ဒါပေမဲ့ မကြာခင်မှာ ပြီးပြည့်စုံတဲ့ စမတ်ဖုန်းတွေ ထွက်လာတော့မယ့် အဆောက်အဦတခုအနီးမှာ မီးလောင်ကျွမ်းမှုကြောင့် စက်ရုံရဲ့လည်ပတ်မှုကို ဘယ်လောက်ထိ ကျယ်ကျယ်ပြန့်ပြန့် အနှောင့်အယှက် ဖြစ်သွားရတယ် ဆိုတာကို အတိအကျ မသိရသေးပါဘူး။ 

မီးလောင်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေပြီး ဝန်ထမ်းတွေနဲ့ တခြားသက်ဆိုင်သူတွေကို အကာအကွယ်ပေးဖို့ လိုအပ်တဲ့ လုပ်ငန်းအဆင့်တွေကို လုပ်ဆောင်မယ်လို့ ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။

မီးလောင်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး တိုက်ရိုက်သိရှိသူယောက်ကတော့  မီးလောင်မှုဟာ ဓာတုဗေဒဖြစ်စဉ်နဲ့ ဆက်စပ်တယ်လို့ ပြောပါတယ်။ မီးလောင်မှုကြောင့် ထုတ်လုပ်ရေးပိုင်းကို ရပ်နားထားရပြီး ဝန်ထမ်းတွေကိုလည်း အဲဒီနေ့အတွက် အိမ်ပြန်ခိုင်းခဲ့တယ် လို့ ဆိုပါတယ်။

တာတာ အီလက်ထရွန်းနစ်ဟာ အီလက်ထရောနစ်ပစ္စည်းတွေ ထုတ်လုပ်တဲ့ ကမ္ဘာ့အကြီးဆုံး ကန်ထရိုက် ကုမ္ပဏီဖြစ်တဲ့ Foxconn နဲ့အတူ အိန္ဒိယနိုင်ငံရှိ iPhone တွေရဲ့ အဓိက ကန်ထရိုက်ရ ထုတ်လုပ်သူတွေထဲမှ တခုဖြစ်ပါတယ်။ 

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013