DVB Logo
Home
နိုင်ငံတကာ
ထိုင်းအစိုးရက ပြည်သူများအတွက် ဘတ်ငွေ ၁၀၀၀၀ စီ စတင်ထုတ်ပေး 
DVB
·
September 25, 2024
ထိုင်းအစိုးရက ပြည်သူများအတွက် ဘတ်ငွေ ၁၀၀၀၀ စီ စတင်ထုတ်ပေး 
Donate to DVB

ထိုင်းနိုင်ငံမှာ  ဖွေ့ထိုင်းပါတီအစိုးရက သူတို့မဲဆွယ်စဉ် ကတိပြုထားခဲ့တဲ့ လူတယောက်လျှင် ဘတ်ငွေ ၁၀၀၀၀ စီ ပေးမယ်ဆိုတဲ့အတိုင်း  အဆိုပါအစီအစဉ်ကို ဒီကနေ့ စက်တင်ဘာ ၂၅ ရက်ကနေ စတင်အကောင်အထည်ဖော်လိုက်ပါတယ်။ 

စက်တင်ဘာ ၂၄ သန်းခေါင်ကျော်အလွန်  ၂၅ ရက်ထဲ ဝင်ရောက်တာနဲ့  ရသင့်ရထိုက်သူများ မှတ်ပုံတင်ထားတဲ့ ဘဏ်နံပါတ်ကို စတင်လွှဲပေးနေတာပါ။ 

ဒီဂျစ်တယ်လ်ငွေဘတ် ၁၀၀၀၀ စီပေးအပ်တာကနေ နိုင်ငံ့စီးပွါးရေးတိုးတက်အောင် စတင်လှုံ့ ဆော်တဲ့ အခမ်းအနားကို  အစိုးရအိမ်တော်မှာ ဖွင့်လှစ်ခဲ့ပါတယ်။

ထိုင်းနိုင်ငံဟာ သဘာဝဘေးဒဏ်အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် စီးပွားရေးလုပ်ငန်းတွေ ထင်သလောက် မလုပ်ဆောင်နိုင်ခဲ့ဘူး။ ပြည်သူတွေဟာလည်း ဒီအခက်အခဲတွေကြား စီးပွားရေး ကျပ်တည်းတယ်၊ အကြွေးတင်နေကြပါတယ်။  

ဒီကနေ့ စတင်ဝေငှပေးလိုက်တဲ့ ဘတ် ၁၀၀၀၀ ကို အကျိုးရှိရှိသုံးစွဲပြီး  အတိုင်းအတာတခုထိ ပြေလည်သွားမယ်လို့ ယုံကြည်တယ်။  ကျမတို့ ကတိပေးထားခဲ့တဲ့အတိုင်း ထိုင်းပြည်သူတွေ စားဖို့ရှိရမယ်၊ သုံးစွဲဖို့ရှိရမယ်၊ ဂုဏ်ရှိရမယ်၊ သိက္ခာရှိရမယ်ဆိုတဲ့ ကြွေးကြော်သံအတိုင်း လုပ်ဆောင်သွားမယ်လို့ ဝန်ကြီးချုပ် ဖဲထောင်းထန်း ရှင်နာဝပ်က အခမ်းအနားဖွင့်ပွဲအမှာစကားမှာ ထည့်သွင်းပြောကြားသွားပါတယ်။ 

ငွေလွှဲခံရသူ ပြည်သူတချို့ကို ဝန်ကြီးချုပ်က ဗွီဒီယိုကောလ်ခေါ်ပြီး ငွေလက်ခံရပြီလား၊ ဘယ်အချိန်ရလဲ၊ ပျော်ရဲ့လား၊ ဘာတွေသုံးစွဲမှာလဲ၊ အစိုးရကို ဘာပြောချင်သလဲ စသဖြင့် ရင်းရင်းနှီးနှီး  တယောက်ချင်းစီ နှုတ်ဆက်စကားပြောခဲ့ပါတယ်။

ဒီကနေ့ ငွေလက်ခံရရှိမယ့်သူ စုစုပေါင်း ၁၄ သန်းခွဲရှိပြီး ဆင်းရဲနွမ်းပါးသူတွေအဖြစ် မှတ်ပုံတင်ထားသူ  ၁၂ ဒသမ ၄ သန်းနဲ့ မသန်မစွမ်းသူတွေ ၂ သန်းကျော် ပါဝင်ပါတယ်။  နိုင်ငံတော်ရဲ့ ရန်ပုံငွေ ဘတ်သန်းပေါင်း ၁၄၅,၅၅၂ ဒသမ ၄၀ သန်း သုံးစွဲသွားမယ်လို့ ဆိုပါတယ်။ 

Source:  Thairath TV News 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013