DVB Logo
Home
မြန်မာသတင်း
အယုဒ္ဓယ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၂၆၀ ကျော် ဖမ်းဆီးခံရ 
DVB
·
September 25, 2024
အယုဒ္ဓယ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၂၆၀ ကျော် ဖမ်းဆီးခံရ 
Donate to DVB

ထိုင်းနိုင်ငံအလယ်ပိုင်း၊ အယုဒ္ဓယခရိုင်၊ အူထိုင်းမြို့နယ်ထဲမှာ စက်တင်ဘာ ၂၄ ရက် မနက်က တရားမဝင် ဝင်ရောက်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၂၆၀ ကျော် ဖမ်းဆီးခံရတယ်လို့  MATICHON ONLINE ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

အူထိုင်းမြို့နယ်၊ နောင်နမ့်ဆုမ့်ရပ်ကွက်၊ ရို့ကျနစက်မှုဇုန်အတွင်း ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ တရားမဝင်အလုပ်သမားတွေ ဝင်ရောက်လုပ်ကိုင်နေကြောင်း တိုင်ကြားချက်အရ  အယုဒ္ဓယ ခရိုင်ဝန်ရဲ့ ညွှန်ကြားချက်နဲ့ မြို့နယ်အုပ်ချုပ်ရေး၊ ရပ်ကျေးလုံခြုံရေးတပ်ဖွဲ့ဝင်တွေပါတဲ့အဖွဲ့ဟာ မနေ့မနက် ၆ နာရီလောက်က အဆိုပါလုပ်ငန်းခွင်ကို သွားရောက်စစ်ဆေးခဲ့တာဖြစ်ပါတယ်။ 

အဆိုပါဆောက်လုပ်ရေးကုမ္ပဏီမှာ တရုတ်နိုင်ငံသားအပိုင်ဖြစ်ပြီး  အလုပ်သမားအများစုမှာ မြန်မာနိုင်ငံသားတွေဖြစ်ပါတယ်။ အလုပ်သမား ၃၀၀ ကျော်ကို  လုပ်ငန်းခွင်ကွင်းပြင်ပေါ် ခေါ် ထုတ်ပြီး တယောက်ချင်းစစ်ဆေးရာမှာ  အထောက်အထားလုံးဝမရှိသူ အမျိုးသား ၂၁၂ ဦး အမျိုးသမီး ၅၂ ဦး စုစုပေါင်း ၂၆၄ ဦးရှိတယ်လို့ ဆိုပါတယ်။

သူတို့အားလုံး မြန်မာနိုင်ငံသားတွေဖြစ်ပြီး  တာ့ခ်ခရိုင် မဲဆောက်ဘက်ကနေ ဝင်ရောက် လာတယ်။ ပွဲစားခ တယောက်ကို ဘတ် ၂၀၀၀၀ စီပေးခဲ့ရတယ်။  ဒီဆောက်လုပ်ရေး အလုပ်မှာတော့ လုပ်အားခ တရက် ဘတ် ၅၀၀ ရပြီး  လုပ်ငန်းကျွမ်းကျင်အဆင့်မှာ ဘတ် ၆၀၀ ရတယ်လို့ ဆိုပါတယ်။

ဒီတခေါက်စစ်ဆေးဖမ်းဆီးရာမှာ လဝကရဲတပ်ဖွဲ့  နယ်မြေခံရဲတပ်ဖွဲ့ မပါဘဲ အုပ်ချုပ်‌ရေးရုံးနဲ့ ရပ်ကျေးလုံခြုံရေးအဖွဲ့တွေသာ လာရောက်ဖမ်းဆီးတာဖြစ်တယ်။

အခုလို နယ်မြေထဲမှာ တရားမဝင်အလုပ်သမားတွေရှိနေတဲ့ပေါ်  မသိကျိုးကျွံပြုနေတဲ့ တာဝန်ရှိသူတွေ၊ နယ်စပ်ကနေ အတွင်းပိုင်းထိ လွှတ်လာပေးတဲ့ တာ့ခ်ခရိုင်က တာဝန်ရှိသူတွေပါ စစ်ဆေးသွားမယ်လို့  အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူမှ သတင်းထောက်ကို ပြောသွားပါတယ်။ 

Source:   MATICHON ONLINE

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013