DVB Logo
Home
သတင်းတို
စစ်တပ်ပိုင် အမ်အီးစီက ဆင်းကတ် ကျပ် ၁၅၀၀ ဖြင့် ဖြန့်ဖြူး
DVB
·
October 7, 2014
စစ်တပ်ပိုင် အမ်အီးစီက ဆင်းကတ် ကျပ် ၁၅၀၀ ဖြင့် ဖြန့်ဖြူး
Donate to DVB

မြန်မာ့ဆက်သွယ်ရေး၊ အော်ရီဒူးနဲ့ တယ်လီနော်တို့က ဆင်းကတ်တွေကို ဖြန့်ဖြူးရောင်းချနေတဲ့ နည်းတူ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းကလည်း သူတို့ ထုတ်လုပ်ထားတဲ့ MECTel စီဒီအမ်အေ ၈၀၀ မဂ္ဂါဟပ်စ် ဆင်းကတ်တွေကို ရန်ကုန် နဲ့ မန္တလေး မြို့တွေမှာ ကိုယ်စားလှယ် အရောင်းဆိုင်တွေကနေ တဆင့် ကျပ် ၁၅၀၀ နှုန်းနဲ့ ဖြန့်ဖြူး ရောင်းချသွားမယ်လို့ ဒီကနေ့ ကြေညာပါတယ်။

ဒါတင်မက အမ်အီးစီက ထုတ်လုပ်ထားတဲ့ ဆင်းကဒ် အသုံးပြုနေသူတွေကို ၀ါကျွတ်လက်ဆောင်အဖြစ် အောက်တိုဘာ ၇ ရက်နေ့ကနေ လကုန်အထိ ကျပ် ၅၀၀၀ တန် ငွေဖြည့်ကတ် ၀ယ်သူတွေကို အပိုလက်ဆောင် ကျပ် ၁၀၀၀ ဖိုး၊ ကျပ် ၁၀၀၀၀ တန် ငွေဖြည့်ကတ် ၀ယ်ယူသူတွေကို အပိုလက်ဆောင် ကျပ် ၃၀၀၀ ပေးမယ်လို့ ကြေညာပါတယ်။

လောလောဆယ် မြန်မာနိုင်ငံမှာ နိုင်ငံပိုင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ စစ်တပ်ပိုင် အမ်အီးစီ၊ ကာတာပိုင် အော်ရီဒူးနဲ့ နော်ဝေပိုင် တယ်လီနောတို့က ဆင်းကဒ်တွေ ဖြန့်ဖြူးနေကြပြီး ဆက်သွယ်ရေးအော်ပရေတာ လိုင်စင် ရထားပြီးဖြစ်တဲ့ ရတနာပုံ တယ်လီပို့စ်ကတော့ လုပ်ငန်း စတင်နိုင်ခြင်း မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013