DVB Logo
Home
အားကစား
F1 စင်ကာပူဂရန်းပရီတွင် ဗြိတိန်ကားမောင်းသမား လန်ဒို နော်ရစ် ဗိုလ်စွဲ
DVB
·
September 24, 2024
F1 စင်ကာပူဂရန်းပရီတွင် ဗြိတိန်ကားမောင်းသမား လန်ဒို နော်ရစ် ဗိုလ်စွဲ
Donate to DVB

စက်တင်ဘာ ၂၂ ရက်က ကျင်းပတဲ့ စင်ကာပူဂရန်းပရီ ဖော်မြူလာဝမ်း ကားမောင်းပြိုင်ပွဲမှာ ဗြိတိန်နိုင်ငံသား လန်ဒိုနောရစ်က ချန်ပီယံဖြစ်လာခဲ့ပါတယ်။

ဒါဟာ မက်ကလယ်ရန် အသင်းကိုယ်စားပြု နော်ရစ်အတွက် တတိယအကြိမ်မြောက် ဂရန်းပရီချန်ပီယံဆုလည်း ဖြစ်ပါတယ်။

အခုလိုမျိုးအနိုင်ရတာကြောင့်  ဗြိတိန်ကားမောင်းသမားဟာ ရမှတ် ၂၅ မှတ်ကို ပိုင်ဆိုင်နိုင်ခဲ့တဲ့ အပြင် ဖော်မြူလာဝမ်း ချန်ပီယံရှစ်မှာပါ ထိပ်ဆုံးနေရာက ဗာစတပ်ပန်နဲ့ ၅၂ မှတ်သာ ကွာခြားပါတော့တယ်။

ရတ်ဘူးလ်အသင်းရဲ့ ကမ္ဘာ့အဆင့်တစ် ကားမောင်းသမား ဗာစတပ်ပန်ကတော့ အဓိက ပြိုင်ဘက် ဖြစ်တဲ့ နောရစ်ထက် စက္ကန့် ၂၀ လောက် နောက်ကျကာ ဒုတိယအဖြစ်သာ ပန်းဝင်နိုင်ခဲ့ပါတယ်။

မက်ကလယ်ရန်အသင်းရဲ့ နောက်ထပ် ပြိုင်ပွဲဝင်ဖြစ်သူ အော်စကာ ပီယက်စထရီကလည်း မရီနာ ဘေးပတ်လမ်းပြိုင်ပွဲမှာ တတိယဆုကို အရယူနိုင်ခဲ့ ပါတယ်။

ဖော်မြူလာဝမ်းရာသီ ပြီးဆုံးဖို့ နောက်ထပ်ပြိုင်ပွဲကြီး ၆ ပွဲနဲ့ ပြိုင်ပွဲငယ် ၃ ပွဲသာ လိုတော့တဲ့ချိန်မှာ နယ်သာလန်နိုင်ငံသား ဗာစတပ်ပန်ဟာ ရမှတ်ပေါင်း ၃၃၁ မှတ်နဲ့ ဦးဆောင်နေဆဲပဲ ဖြစ်ပါတယ်။ 

၆၂ ကြိမ်ပတ်ရင်း ယှဉ်ပြိုင်ရတဲ့ ပတ်လမ်းမှာ မတော်တဆဖြစ်ရပ် ကြီးကြီးမားမား မရှိခဲ့တာကြောင့် ဒီပြိုင်ပွဲသမိုင်းတလျှောက် ပထမဆုံးအကြိမ် ဖြစ်တယ်လို့ ဆိုပါတယ်။

နောက်ထပ်နာမည်ကြီး ပြိုင်ပွဲဝင်တွေဖြစ်တဲ့ လူးဝစ်ဟာမီလ်တန်နဲ့ ဖာနန်ဒို အလွန်ဆိုတို့ကတော့ စင်ကာပူဂရန်းပရီရဲ့ အဆင့် ၆ နဲ့ အဆင့် ၈ နေရာမှာသာ အသီးသီး ရပ်တည်နိုင်ခဲ့ကြပါတယ်။

Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013