DVB Logo
Home
မြန်မာသတင်း
လိပ်ကျွန်း ချုပ်နှောင်ခံ မြန်မာ ၂ ဦးအတွက် ဖွင့်ထားသည့် ဖေ့စ်ဘွတ်ခ် ၂ သန်းခွဲကျော် ၀င်ကြည့်
DVB
·
October 7, 2014
လိပ်ကျွန်း ချုပ်နှောင်ခံ မြန်မာ ၂ ဦးအတွက် ဖွင့်ထားသည့် ဖေ့စ်ဘွတ်ခ် ၂ သန်းခွဲကျော် ၀င်ကြည့်
Donate to DVB

ထိုင်းနိုင်ငံတောင်ပိုင်း (လိပ်ကျွန်း) မှာ ဗြိတိသျှလူမျိုး ၂ ဦးကို သတ်ဖြတ်မှုနဲ့ ချုပ်နှောင် ခံထားရသူ ရွှေ့ပြောင်းအလုပ်သမား ၂ ဦး အမှုနဲ့ ပတ်သက်ပြီး ထိုင်းဘာသာနဲ့ ရေးသားထားတဲ့ အင်တာနက် စာမျက်နှာ oknationနဲ့ လူမှုရေး ကွန်ယက် CSI LA  ဖေ့ဘွတ် စာမျက်နှာက ဒီအမှုကို စိတ်ဝင်စားတဲ့ ထိုင်းတွေအကြားမှာ ရေပန်းစားနေပါတယ်။

[caption id="attachment_67010" align="alignright" width="300"]ချုပ်နှောင်ခံရသည့် မြန်မာလူငယ် ၂ ဦး မြန်မာသံရုံးတာဝန်ရှိသူများ သွားရောက်တွေ့ဆုံစဉ် (ဓာတ်ပုံ - မင်းဦး) ချုပ်နှောင်ခံရသည့် မြန်မာလူငယ် ၂ ဦး မြန်မာသံရုံးတာဝန်ရှိသူများ သွားရောက်တွေ့ဆုံစဉ် (ဓာတ်ပုံ - မင်းဦး)[/caption]

ဒီဘလောဂ်နဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာဟာ ချိတ်ဆက်မှု ရှိသလို ဖန်တီးထားသူက တဦးတည်း ဖြစ်တယ်လို့ ဖတ်ရှုသူတွေက ခန့်မှန်းကြပါတယ်။

အရင်က ထောင်ဂဏန်းလောက်သာ ၀င်ရောက် ဖတ်ရှုနေပေမယ့် ဒီအမှု ဖြစ်ပွားခဲ့ပြီး oknation ဘလောဂ် စာမျက်နှာကို ၀င်ရောက်သူ  ၂ သန်း ၆ သိန်းကျော် သွားပြီ ဖြစ်သလို CSI LA ဖေ့ဘွတ်ကိုလည်း ကြိုက်နှစ်သက်သူ လူ ၂ သိန်း ကျော်သွားပြီ ဖြစ်ပါတယ်။

ဒီလူသတ်မှုဖြစ်ရပ်နဲ့ ပတ်သက်ပြီး သူရဲ့ ဖေ့စ်ဘွတ်ခ်မှာ အခုရက်ပိုင်းအတွင်း ပိုစ့်တခု တင်လိုက်ရင် ကြိုက်နှစ်သက်သူ အနည်းဆုံး ၅ ထောင်နီးပါး ရှိနေတာကို တွေ့ရပါတယ်။

ဒီဖေ့စ်ဘွတ်ခ်နဲ့ အင်တာနက်စာမျက်နှာမှာ ရဲတပ်ဖွဲ့ရဲ့ ပြောဆိုချက်တွေနဲ့ လက်တွေ့ အ အမှု ဖြစ်စဉ်မှာ ကွဲလွဲချက်တွေကို အသေးစိတ် တင်ပြထားပါတယ်။

ဒါအပြင် လူသတ်မှု ဖြစ်စဉ်အတွက် ဒီအန်အေအစစ်မခံတဲ့ ကျွန်းသူကြီးရဲ့ တတိယမြောက်သား အကြောင်းကိုလည်း အသေးစိတ် တင်ပြထားပါတယ်။

ဒီလို လူမှုရေးကွန်ယက်စာမျက်နှာကနေ အခုလို တင်ပြတဲ့အတွက် သူကြီးသားရဲ့ သူငယ်ချင်းက လက်သီးချင်း ယှဉ်ထိုးဖို့ စိန်ခေါ်တာကို ခံခဲ့ရတဲ့အကြောင်းလည်း တင်ပြထားပါတယ်။

စိန်ခေါ်တဲ့ ကျွန်းသူကြီးသားရဲ့ သူငယ်ချင်းအနေနဲ့ သူ သူငယ်ချင်းရဲ့ ဒီအန်အေကို ယူလာဖို့ အာမခံမယ်ဆိုရင်တော့  ဒီစိန်ခေါ်မှုကို လက်ခံဖို့ အသင့်ပဲဆိုတဲ့ ရေးသားချက်တွေကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဖေ့ဘွတ်မှာပေးထားတဲ့ ၀က်ဆိုဒ်လိပ်စာhttps://www.change.org/p/the-government-of-the-united-kingdom-independently-investigate-the-horrific-murders-of-hannah-witheridge-and-david-miller?recruite ကနေ တဆင့် ဗြိတိန် အစိုးရကို ဒီအမှုနဲ့ ပတ်သက်ပြီး လွတ်လွတ်လပ်လပ် စုံစမ်းဖော်ထုတ်ပေးဖို့ လတ်မှတ်ရေးထိုး တောင်းဆိုမှုမှာ ပါဝင်နိုင်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013