DVB Logo
Home
မြန်မာသတင်း
စစ်ထောက်လှမ်းရေး အရာရှိဟောင်းများ အပါအ၀င် အကျဉ်းသား ၃ ထောင်ကျော်လွှတ်
DVB
·
October 7, 2014
စစ်ထောက်လှမ်းရေး အရာရှိဟောင်းများ အပါအ၀င် အကျဉ်းသား ၃ ထောင်ကျော်လွှတ်
Donate to DVB

မြန်မာနိုင်ငံအတွင်းက အကျဉ်ထောင်အသီးသီးမှာ ထိုက်သင့်တဲ့ ပြစ်ဒဏ်တွေ ကျခံပြီးတဲ့ အကျဉ်းသား ၃၀၇၃ ဦးကို ဒီနေ့ ပြစ်ဒဏ်ကနေ လွတ်ငြိမ်းခွင့် ပေးလိုက်တယ်လို့ အစိုးရက ကြေညာပါတယ်။

dvb8နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး လူသား ချင်း စာနာထောက်ထားမှုတွေကို အလေးထားတဲ့အနေနဲ့ မြန်မာနိုင်ငံသား ၃၀၁၅ ဦးနဲ့ နှစ်နိုင်ငံ ချစ်ကြည်ရေးအတွက် နိုင်ငံခြားအကျဉ်းသား ၅၈ ဦးကို ပြစ်ဒဏ်ကနေ လွတ်ငြိမ်းခွင့်ပေးလိုက်တယ်လို့ အစိုးရပိုင်သတင်းတွေက ထုတ်ပြန်ပါတယ်။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်က လွတ်ပေးလိုက်တဲ့ အထဲမှာ အရင်စစ်အစိုးရလက်ထက်က အဆင့်မြင့် တာဝန်တွေ ယူထားခဲ့တဲ့ ထောက်လှမ်းရေးဟောင်းတွေ ပါသလို နိုင်ငံရေး အကျဉ်းသား ဘယ်လောက် ပါသလဲ ဆိုတာကိုတော့ စိစစ် မရသေးဘူးလို့ ပြောပါတယ်။

“နိုင်ငံရေးအကျဉ်းသားတွေကို နိုင်ငံရေးအကျဉ်းသားအဖြစ်နဲ့ အသိအမှတ်ပြုပြီး ဖြည့်ပေးလိုက်မယ်ဆိုရင် တိုင်းပြည်အတွက်ရော၊ အစိုးရအတွက်ရော ဂုဏ်သိက္ခာ ပိုကောင်းမယ်။ နိုင်ငံရေးအရ ထိန်းသိမ်းထားသူအကုန်လုံးကို အမြန်ဆုံးလွှတ်ပေးတာက တိုင်းပြည်ရဲ့ ပြဿ     နာတခုကို ဖြေရှင်းတာပါ။ အဲဒါကို အစိုးရဘက်က အမြန်ဆုံးလုပ်သင့်တာပေါ့။”

နိုင်ငံတော်လျှို့ဝှက်ချက်မဟုတ်တဲ့အတွက် အစိုးရအနေနဲ့ လွတ်ပေးတဲ့သူတွေရဲ့ စာရင်းကို တရားဝင် ထုတ်ပြန်သင့်သလို ထောင်ကထွက်လာပြီး အစိုးရဘက်က ဘာတာဝန်ယူမှုမှ မရှိသလို ထောင်က ထွက်လာတဲ့သူတွေရဲ့ ဘ၀ ပြန်လည် ပြုစုပျိုးထောင်ရေးအတွက် တာဝန်ယူသင့်တယ်လို့ သူက ပြောပါတယ်။

လွတ်လာတဲ့သူတွေထဲမှာ ထောက်လှမ်းရေးတွေကို အရေးယူစဉ်က ပြစ်ဒဏ်ကျခံခဲ့ရတဲ့ ဗိုလ်မှူးချုပ် သိန်းဆွေ၊ ဗိုလ်မှူးကြီး ဦးမောင်သန်း၊ ဗိုလ်မှူးကြီး ဦးတင်ဦး၊ ဗိုလ်မှူးကြီး ဦးအောင်ဇော်၊ ဒုဗိုလ်မှူးကြီး ဦးမင်းသူ၊ ဒုဗိုလ်မှူးကြီး ဦးမြင့်ဦး၊ ဗိုလ်မှူး နိုင်ဌေးတို့ ပါဝင်တယ်လို့လည်း နီးစပ်သူတွေက ပြောပါတယ်။

တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ပတ်သက်ပြီး ကျတဲ့ နိုင်ငံရေး အကျဉ်းသား တချို့ပါတာကို ကြား သလို လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီ ကတင်ပြတဲ့ အစီအစဉ်နဲ့ လွှတ်ပေးတာ မဟုတ်တဲ့အတွက် နိုင်ငံရေး အကျဉ်းသား ဘယ်လောက်ပါလာသလဲဆိုတာ သိရဖို့ ခက်ခဲတယ်လို့ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ရဲ့ လုပ်ငန်းကော်မတီဝင် ကိုရဲအောင်က ပြောပါတယ်။

၂၀၁၄ ခုနှစ်မှာ ပြစ်ဒဏ်ကျခံရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အပါအ၀င် နိုင်ငံရေး အကျဉ်းသား ၇၀ ကျော် ရှိ သေးတယ်လို့ နိုင်ငံရေး အကျဉ်းသား အဖွဲ့တွေက ပြောဆိုနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013