DVB Logo
Home
မြန်မာသတင်း
တောင်ဒဂုံမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး တိုက်ခိုက်ခံရ
DVB
·
September 22, 2024
တောင်ဒဂုံမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး တိုက်ခိုက်ခံရ
Donate to DVB

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ၁၀၇ ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးကို စက်တင်ဘာ ၂၀ ရက်နေ့ မနက် ၉ နာရီခွဲဝန်းကျင်မှာ Anonymous Force (ရန်ကုန်စစ်ဒေသခွဲ -PRF) အဖွဲ့က ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုကြောင့် အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူး‌တယောက်သေဆုံးခဲ့ပြီး တယောက် ဒဏ်ရာရခဲ့တယ်လို့ တာဝန်ရှိသူက ပြောပါတယ်။

Anonymous Force ရဲ့ တာဝန်ရှိသူတယောက်က “ကျနော်တို့တွေက စစ်အာဏာရှင်စနစ်ရဲ့ ထောက်တိုင်ဖြစ်တဲ့ စစ်အုပ်ချုပ်ရေးယန္တရားကို မောင်းနှင်နေတဲ့ အဓိကကျသူတွေထဲပါတာရယ်၊ ရပ်ကွက်နေလူထုကို ဖိနှိပ်၊ ငွေညှစ်၊ စိန်ခေါ်တဲ့ အဓမ္မမှုတွေ၊ တိုင်ကြားချက်တွေကြောင့် အခုလို စီးနင်းဝင်ရောက် ဖြိုဖျက်မှုကို လုပ်ဆောင်ခဲ့တာပါ” လို့ ပြောပါတယ်။

တိုက်ခိုက်မှုကို Cheetah Operation (ချီတာစစ်‌ဆင်ရေး) အနေနဲ့ ဆောင်ရွက်ခဲ့တာဖြစ်ပြီး ဆက်လက် အရှိန်တိုးမြှင့်ပြီး လုပ်ဆောင်သွားဖို့ရှိတယ်လို့ ချီတာစစ်ဆင်ရေးရဲ့ တာဝန်ရှိသူက ဆက်ပြောပါတယ်။

“ကျနော်တို့တွေ လနဲ့ချီပြီး သေချာစောင့်ကြည့်နေမှုတွေ ရန်ကုန်အနှံ့မှာ ရှိနေပါပြီ။ အဲမှာမှ သေချာ စီစဉ်ပြီး သူတို့ရုံးမှာရှိနေတုန်း ကျနော်တို့ချီတာ ရဲဘော်တွေ စစ်ဆင်ရေးတရပ်အဖြစ် စီနင်းဖြိုဖျက် တိုက်ခိုက်ခဲ့တာပါ။ စစ်ဆင်ရေးဆက်လက်အရှိန်တိုးမြှင့်ဖို့ ရှိပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဩဂုတ် ၂၈ရက်နေ့ကလည်း Anonymous Force (ရန်ကုန်စစ်ဒေသခွဲ -PRF)က ချီတာစစ်ဆင်ရေးအဖြစ် တာမွေမြို့နယ် ရဲစခန်းကို ဗုံးခွဲတိုက်ခိုက်ခဲ့တာကြောင့် ရဲစခန်းအတွင်းက ရဲတပ်ဖွဲ့ဝင် ၃ယောက် သေဆုံးခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013