DVB Logo
Home
နိုင်ငံတကာ
အစ္စရေးတပ်က ရာမယ်လာမြို့က အယ်လ်ဂျားဇီးယား သတင်းဌာနရုံးကို ပိတ်ပစ်
DVB
·
September 22, 2024
အစ္စရေးတပ်က ရာမယ်လာမြို့က အယ်လ်ဂျားဇီးယား သတင်းဌာနရုံးကို ပိတ်ပစ်
Donate to DVB

အစ္စရေးစစ်သားတွေက သိမ်းပိုက်ခံ အနောက်ဘက်ကမ်းဒေသ ရာမယ်လာမြို့က အယ်လ်ဂျားဇီးယား သတင်းဌာနကို စီးနင်းပြီး ဗျူရိုကို ပိတ်သိမ်းပြီးတဲ့နောက် အယ်လ်ဂျားဇီးယား သတင်းဌာနရဲ့ ရုံးတွေနားမှာ သေနတ်သံတွေနဲ့ မျက်ရည်ယိုဗုံးတွေက အငွေ့တွေ ဆက်လက်ထွက်ပေါ်နေပါတယ်။

အယ်လ်ဂျာဇီးရား ဗျူရို တည်ရှိရာ အဆောက်အအုံကို လက်နက်အကြီးအကျယ် ကိုင်ဆောင်ပြီး မျက်နှာဖုံးစွပ်ထားတဲ့ အစ္စရေးစစ်သားတွေU အင်အားသုံး ဝင်ရောက်လာပြီး ရုံးကို ၄၅ ရက်ကြာ ပိတ်သိမ်းဖို့ အမိန့်ကို သတင်းကွန်ရက်ရဲ့ အနောက်ဘက်ကမ်း ဗျူရိုအကြီးအကဲ ဝါလစ် အယ်လ် အိုမာရီကို တနင်္ဂနွေနေ့အစောပိုင်းမှာ ပေးအပ်ခဲ့ပါတယ်။

အနောက်ဘက်ကမ်း အင်္ဂလိပ်ပိုင်းအစီအစဉ်က အယ်လ်ဂျာဇီးရားသတင်းထောက် နီဒါ အီဘရာဟင်မ်က ‘အစောပိုင်းမှာ အစ္စရေးနိုင်ငံထဲကနေ သတင်းပေးပို့ခြင်းကို ပိတ်ပင်ပြီးတဲ့နောက် အနောက်ဘက်ကမ်းကို ခုလိုဝင်ရောက်စီးနင်း ပိတ်သိမ်းတာက အံ့သြစရာမဟုတ်ဘူး’လို့ ရာမယ်လာမြို့ ကနေ ဖုန်းနဲ့ ပြောပါတယ်။

“အစ္စရေးအရာရှိတွေက ဗျူရိုကို ပိတ်ပစ်မယ်လို့ ခြိမ်းခြောက်တာကို ကျမတို့ ကြားပါတယ်။ သိမ်းပိုက်ခံ အနောက်ဘက်ကမ်းက စစ်အာဏာရှင်တွေက ရုပ်သံလိုင်းကိုပိတ်ပစ်ဖို့ ဆွေးနွေးနေတာကို ကြားသိရတယ်။ ဒါပေမဲ့ ဒီနေ့ဖြစ်လာဖို့ ကျမတို့ မမျှော်လင့်ထားခဲ့ဘူး” လို့ အီဘရာဟင်က ပြောကြားခဲ့ပါတယ်။ 

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013