
သီရိလင်္ကာသမ္မတရွေးကောက်ပွဲ မဲ ၁ သန်းလောက်ရေတွက်ပြီးချိန်မှာ မာ့ခ်စ်ဝါဒ ယိမ်း သမ္မတလောင်းတစ်ဦးဖြစ်တဲ့ အနုရာ ကုမာရ ဒစ္စန္နာယာကီ က ဦးဆောင်နေပါတယ်။
စက်တင်ဘာ ၂၁ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမဲတွေကို ၂၂ ရက်နေ့မှာ ရေတွက်နေတာဖြစ်ပြီး နံနက်ခင်းရေတွက်ပြီးသမျှမဲရဲ့ ၅၃ ရာခိုင်နှုန်းလောက်ကို ဒစ္စန္နာယာကီ က ရထားတာဖြစ်ပါတယ်။
အတိုက်အခံခေါင်းဆောင် ဆာဂျစ်ပရီမာဒါဆာ က ၂၂ ရာခိုင်နှုန်းနဲ့ ဒုတိယနေရာမှာရှိနေပြီး သမ္မတ ရာနီးလ် ဝိကရမ်ဆင်ဂီး က တတိယနေပဲရထားပါတယ်။
ရွေးကောက်ပွဲမှဲ မဲပေးပိုင်ခွင့်ရှိသူ ၁၇ သန်းအနက် ၇၅ ရာခိုင်နှုန်းက မဲလာပေးခဲ့ကြတာ ဖြစ်ပါတယ်။
ဒစ္စန္နာယာကီဟာ မာ့ခ်စ်ဝါဒယိမ်းတဲ့ ဂျာနာသာ ဗီမုခ်သီ ပီရီမူနာ (JVP) ပါတီခေါင်းဆောင်ဖြစ်ပြီး နိုင်ငံလုံးဆိုင်ရာပြည်သူ့အာဏာမဟာမိတ်အဖွဲ့ (NPP) က တင်တဲ့ သမ္မတလောင်းဖြစ်ပါတယ်။
သူ့ပါတီဟာ အစဉ်အလာအားဖြင့် နိုင်ငံတော်ကကြားဝင်တာ၊ အခွန်လျှော့တာနဲ့ တံခါးပိတ်စီးပွားရေးမူဝါဒတွေကို အလေးပေးတဲ့ပါတီဖြစ်ပါတယ်။
JVP ပါတီဟာ လွှတ်တော်ထဲမှာ အမတ် ၃ နေရာသာရှိပေမဲ့ အဂတိလိုက်စားမှု အပြင်းအထန်တိုက်ဖျက်မယ်ဆိုတဲ့ ကြွေးကြော်သံနဲ့ ဆင်းရဲသားတွေကိုကူညီမဲ့ အစီအစဉ်တွေကြောင့် လူကြိုက်များလာတာဖြစ်ပါတယ်။
သူသမ္မတဖြစ်လာတာနဲ့ ၄၅ ရက်အတွင်း လွှတ်တော်ဖျက်သိမ်းပြီး လွှတ်တော်ရွေးကောက်ပွဲသစ် ကျင်းပမယ်လို့ ကြေညာထားပြီး သမ္မတဖြစ်လာမဲ့သူဟာ အကြွေးနွံနစ်နေတဲ့တိုင်းပြည်ရဲ့ မရေရာတဲ့ စီးပွားရေးနာလန်ထရေးအားထုတ်မှုကို ဦးဆောင်ရမှာဖြစ်ပါတယ်။
Source-Reuters