DVB Logo
Home
မြန်မာသတင်း
မုန်တိုင်းအကြွင်းအကျန်လေပွေလှိုင်း မြန်မာနိုင်ငံကို စတင်ဖြတ်ကျော်နေ
DVB
·
September 21, 2024
မုန်တိုင်းအကြွင်းအကျန်လေပွေလှိုင်း မြန်မာနိုင်ငံကို စတင်ဖြတ်ကျော်နေ
Donate to DVB

ထိုင်းနိုင်ငံ ကုန်းတွင်းပိုင်းဒေသတွေမှာဖြစ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ မြန်မာနိုင်ငံ ကရင်ပြည်နယ်နဲ့ ကယားပြည်နယ်တို့ကို စတင်ဖြတ်ကျော်နေပြီး တိုင်းနဲ့ပြည်နယ် ၁၀ ခုမှာ မိုးများမယ်လို့ မိုးလေဝသဌာနဲ့ ကျွမ်းကျင်သူတွေက ခန့်မှန်းပါတယ်။

အဲဒီ လေပွေလှိုင်းဟာ နောက် ၂၄ နာရီအတွင်း မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်းတောင်ပိုင်း၊ မကွေးတိုင်းနဲ့ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတို့ကို ဆက်လက်ဖြတ်ကျော်နိုင်တယ်လို့ မိုးလေဝသဌာနက ဒီနေ့ စက်တင်ဘာ ၂၁ ရက် မနက် ၁၀ နာရီခွဲမှာ ခန့်မှန်းထုတ်ပြန်ပါတယ်။

မိုးလေဝသကျွမ်းကျင်သူ ဦးဝင်းနိုင်ကလည်း အပူပိုင်းမုန်တိုင်း SOULIK ရဲ့ အကြွင်းအကျန် လေပွေလှိုင်းဟာ စက်တင်ဘာ ၂၁ ရက် ညနေ ၆ နာရီကနေ စက်တင်ဘာ ၂၂ ရက် ညနေ ၆ နာရီအတွင်း မြန်မာ-ထိုင်းနယ်စပ်ကို ကရင်ပြည်နယ်၊ ကမမောင်းမြို့ မြောက်ဘက်ကနေ ဖြတ်ကျော်ဝင်ရောက်လာပြီးနောက် ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ် တောင်ပိုင်းတို့ကို ဖြတ်သန်းပြီး စက်တင်ဘာ ၂၃ ရက် မနက်အစောပိုင်းမှာ ဘင်္ဂလားအော် အရှေ့အလယ်ပိုင်းကို ရောက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

လေပွေလှိုင်းဖြတ်သန်းတုန်းမှာ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ်၊ မန္တလေးတိုင်း၊ နေပြည်တော်(အရှေ့)၊ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ အရှေ့ပိုင်း၊ ကယားပြည်နယ်၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း မြိတ်မြို့နဲ့ အထက်ဒေသတချို့မှာ မိုးရေချိန် ၃၀ မီလီမီတာ(၁ လက်မ)အထက် မိုးများနိုင်မယ်လို့ ဆိုပါတယ်။

ချင်းပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းဒေသတချို့၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ တနင်္သာရီတိုင်း မြိတ်မြို့ အောက်ဘက်ဒေသတွေမှာတော့ မိုးအသင့်အတင့်(၂၄ နာရီအတွင်း မိုးရေချိန် ပဲ ရွာသွန်းနိုင်မယ်လို့ ဆိုပါတယ်။

အဲဒီ မုန်တိုင်းလက်ကျန် လေဖိအားနည်းရပ်ဝန်းဟာ စက်တင်ဘာ ၂၃ ရက်နေ့မှာ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းအဖြစ် ရောက်ရှိနိုင်တယ်လို့ မိုးလေဝသဌာနက ခန့်မှန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013