DVB Logo
Home
မြန်မာသတင်း
မြန်မာ့ကျွန်းသစ် အီးယူ-အမေရိကန်-သြစတြေးလျကို တင်ပို့နိုင်တော့မည်
DVB
·
October 7, 2014
မြန်မာ့ကျွန်းသစ် အီးယူ-အမေရိကန်-သြစတြေးလျကို တင်ပို့နိုင်တော့မည်
Donate to DVB

မြန်မာ့ကျွန်းသစ်ခွဲသားတွေကို အီးယူဈေးကွက်အပြင် အမေရိကန်နဲ့ သြစတြေးလျဈးကွက်တွေအထိ တင်ပို့နိုင်တော့မယ်လို့ မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်း တွဲဘက်အတွင်းရေးမှုး ဦးဘာဘာချိုက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

woodအီးယူ (ဥရောပသမ္မဂအဖွဲ့ဝင်နိုင်ငံများ) က မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့ထားရှိမှုကို ရုပ်သိမ်းပြီးနောက် မြန်မာ့ကျွန်းသစ်ခွဲသားတွေကို အီးယူဈေးကွက်ဆီ အဓိက တင်ပို့မှု ရှိနေတာပါ။

မြန်မာ့သစ်တောထွက်ပစ္စည်းတွေကို တင်ပို့တဲ့နေရာမှာ တရားဝင်ထုတ်လုပ်တဲ့ သစ်တောထွက်ပစ္စည်းဖြစ်တဲ့အကြောင်း အာမခံတဲ့ စနစ်တစ်ခုကို ကျင့်သုံးနိုင်ဖို့အတွက် အီးယူ၊ အမေရိကန်၊ သြစတြေးလျနိုင်ငံတွေက သစ်တောထွက်ပစ္စည်းတင်သွင်းသူများအသင်းနဲ့ မြန်မာနိုင်ငံ သစ်တောထွက်ပစ္စည်းတင်ပို့သူများအသင်းတို့အကြားမှာ လုပ်ငန်းဆိုင်ရာပူးပေါင်းရေး ဆောင်ရွက်ရေး အဖွဲတခုကို ဖွဲ့စည်းထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် မြန်မာ့သစ်တောထွက်ပစ္စည်းတွေကို ပြည်ပတင်ပို့တဲ့နေရာမှာ အစိုးရက သတ်မှတ်ထားရှိတဲ့ လုပ်ထုံးလုပ်နည်းတွေက များပြားတာကြောင့် ဒါဟာ သစ်အခြေခံအိပ်စ်ပို့ဈေးကွက်အတွက်တော့ စိန်ခေါ်မှုတခုအနေနဲ့ ရှိနေပါတယ်။

လက်ရှိမှာ အီးယူဈေးကွက်ကို မြန်မာ့ကျွန်းသစ်ခွဲသားတင်ပို့မှုက ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် ဧပြီ ၁ ရက်ကစပြီး အခုနှစ် စက်တင်ဘာလကုန် အထိ တန်ချိန် ၂၅၀၀ နီးပါး တင်ပို့ထားပြီးဖြစ်တယ်လို့ သိရပါတယ်။

အပြည့်အစုံ အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013