DVB Logo
Home
နိုင်ငံတကာ
ဆန္ဒပြတီရှပ် ဝတ်ဆင်မှုဖြင့် ဟောင်ကောင်အမျိုးသား ၁ ဦး ထောင်ဒဏ် ၁၄ လ ချမှတ်ခံရ
DVB
·
September 20, 2024
ဆန္ဒပြတီရှပ် ဝတ်ဆင်မှုဖြင့် ဟောင်ကောင်အမျိုးသား ၁ ဦး ထောင်ဒဏ် ၁၄ လ ချမှတ်ခံရ
Donate to DVB

ဟောင်ကောင်အမျိုးသားတ‌ေယာက်ဟာ ဆန္ဒပြစာသားပါ တီရှပ်အင်္ကျီကို ဝတ်ဆင်ခဲ့တဲ့ အတွက် အမျိုးသားလုံခြုံရေးဥပဒေအရ ပထမဆုံးအကြိမ် အရေးယူခံခဲ့ရပါတယ်။

အသက် ၂၇ နှစ်အရွယ် ချူခိုင်ဖုန်ကို ဆူပူအောင်လှုံ့ဆော်တယ်ဆိုပြီး ဒီမြို့ရဲ့ တရားရုံးက နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ထောင် ၁၄ လ ချမှတ်ခဲ့ပါတယ်။

၂၀၂၀ ခုနှစ်မှာ အမျိုးသားလုံခြုံရေးဥပဒေကို တရုတ်ပြည်မကြီးက ပြဋ္ဌာန်းခဲ့တာဖြစ်ပြီး အပိုဒ်ခွဲ-၂၃ ဆိုတဲ့ပုဒ်မနဲ့ ဖြည့်စွက်ခဲ့တာပါ။

လေ့လာသူတွေကတော့ အဲဒီဥပဒေဟာ အရပ်ဘက်လွတ်လပ်ခွင့်ကို ဆုတ်ယုတ်စေနိုင်ကြောင်း ဝေဖန်ခဲ့ကြသလို ပေကျင်းနဲ့ ဟောင်ကောင်ဘက်ကလည်း တည်ငြိမ်မှုအတွက် လိုအပ်တယ်ဆိုပြီး တုံ့ပြန်ထားပါတယ်။

ချူခိုင်ဖုန်ဟာ ၂၀၁၉ ဆန္ဒပြပွဲတွေရဲ့ အရှိန်တက်ချိန်ဖြစ်တဲ့ ပြီးခဲ့တဲ့ ဇွန် ၁၂ ရက်က ရထားဘူတာတခုမှာ ဖမ်းဆီခံခဲ့ရတာပါ။

ဒါ့အပြင် ချူက “ဟောင်ကောင် လွတ်မြောက်ရေး၊ ငါတို့ခေတ်ရဲ့ တော်လှန်ရေး” စတဲ့ ဆန္ဒပြဆောင်ပုဒ်ပါ တီရှပ်အင်္ကျီ အပါအဝင် FDNOL ဆိုတဲ့ ကြွေးကြော်သံတွေရဲ့ အစ စာလုံးနဲ့ နှာခေါင်းစည်းကိုပါ ဝတ်ဆင်ထားခဲ့တာ ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ လပေါင်းများစွာကြာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲမှာလည်း ဒီကြွေးကြော်သံတွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ကြပါတယ်။

လွန်ခဲ့တဲ့လမှာတော့ ဟောင်ကောင်က ဒီမိုကရေစီလိုလားတဲ့ Stand News သတင်းစာအယ်ဒီတာ ၂ ယောက်ကို လှုံ့ဆော်မှုနဲ့ အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့တဲ့အပြင် လာမယ့် ၂၆ ရက်မှာ အမိန့်ချဖို့ ရှိနေပါတယ်။

ဒါဟာ ၁၉၉၇ ခုနှစ်မှာ ဗြိတိန်နိုင်ငံက ဟောင်ကောင်ဒေသကို တရုတ်နိုင်ငံဆီ လွှဲပြောင်းခဲ့ပြီးနောက် ပထမဆုံးသော ဂျာနယ်လစ်တွေရဲ့ အရေးယူခံရမှုလည်း ဖြစ်ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013