DVB Logo
Home
မြန်မာသတင်း
ဗြိတိသျှစုံတွဲ အသတ်ခံရမှု မြန်မာအစိုးရ လိုက်ပါဆောင်ရွက်မည်
DVB
·
October 6, 2014
ဗြိတိသျှစုံတွဲ အသတ်ခံရမှု မြန်မာအစိုးရ လိုက်ပါဆောင်ရွက်မည်
Donate to DVB

ထိုင်းနိုင်ငံတောင်ပိုင်း (လိပ်ကျွန်း) မှာ ဗြိတိသျှလူမျိုးနှစ်ဦးကို သတ်ဖြတ်မှုနဲ့ ချုပ်နှောင်ခံထားရသူ မြန်မာပြည်သား ရခိုင်လူငယ်နှစ်ဦးက သူတို့အမှုကို လိုက်ပါဆောင်ရွက်ပေးဖို့ မြန်မာ ကိုယ်စားလှယ်တွေကို ဒီကနေ့ ကိုယ်စားလှယ်လွှဲလိုက်ပါတယ်။

1655881_1541740519391658_6919278869261738109_nထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးဒုတိယအတွင်းဝန် ဦးထွန်းအေးဦးဆောင်ပြီး မြန်မာရှေ့နေ၊ ထိုင်းရှေ့နေ၊ သံအမှုထမ်းနဲ့ မြန်မာအလုပ်သမားရေး လုပ်ဆောင်သူတချို့ဟာ ဒီကနေ့ ထိုင်းတောင်ပိုင်း ကော့စမွီအကျဉ်းထောင်မှာ ချုပ်နှောင်ထားတဲ့ မြန်မာလူငယ်နှစ်ဦးနဲ့ တွေ့ဆုံမေးမြန်းခဲ့ပြီး ကိုယ်စားလှယ်လွှဲစာမှာ ကာယကံရှင်လူငယ်နှစ်ဦးက လက်မှတ်ရေးထိုး ပေးခဲ့တာပါ။

ဦးထွန်းအေးတို့ အဖွဲ့မှာ လိုက်ပါသွားတဲ့ ဥပဒေအကြံပေး ရှေ့နေ ဦးအောင်မျိုးသန့်က ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့အနေနဲ့ကတော့ ကျနော်တို့နိုင်ငံသားအတွက် ကူညီနိုင်တဲ့ဘက်ကနေ ကူညီပေးဖို့၊ ဥပဒေရှုထောင့်ကနေ ကူညီပေးဖို့ လူကြီးတွေနဲ့ ညှိပြီးတော့ တင်ပြပြီးလို့ရှိရင် အဲဒါကို စီစဉ်ဆောင်ရွက်ပေးပါမယ့်။ သူတို့တတွေဆီက ကိုယ်စားလှယ်လွှဲစာ ရခဲ့ပါတယ်ခင်ဗျ” လို့ပြောပါတယ်။

ဒီမြန်မာလူငယ်နှစ်ဦးရဲ့ အမှုတွဲကို ကော့စမွီရဲစခန်းမှာ မိတ်တူကူးခွင့် တောင်းကြည့်ခဲ့ရာမှာ အမှုတွဲကို မပြည့်စုံသေးလို့ မပေးသေးဘူးလို့ ဦးထွန်းအေးက ပြောပါတယ်။

“ကျနော်တို့ တောင်းဆိုတဲ့အခါ ရဲစခန်းကို တောင်းဆိုတဲ့အခါကျတော့ အမှုတွဲတွေ ဘာတွေက အဆင်သင့် မဖြစ်သေးဘူး။ မပြည့်စုံသေးဘူး ဆိုပြီးမှ ကျနော်တို့ တောင်းဆိုတာ မရသေးပါဘူး ခင်ဗျ၊ ကျနော်တို့က ဒီကလေးတွေ ထွက်ဆိုတာနဲ့ ဒီဟာမှာ သူတို့ ရေးသားထားတာနဲ့ကျနော်တို့ တိုက်ဆိုင်ပြီး ကြည့်ချင်လို့ပေါ့။ တတ်နိုင်သလောက် အစွမ်းကုန်ဆောင်ရွက်တာပေါ့ဗျာ။ တဘက်ကလည်း ထိုင်းနိုင်ငံဥပဒေကို ကျနော်တို့က လေးစားရမယ်လေ၊ သူ့ ဥပဒေဘောင်အတွင်းက ကျနော်တို့ ကြိုးစားပြီး ဆောင်ရွက်နေပါတယ်” လို့ ပြောပါတယ်။

ဒီနှစ်ဦးအပြင် သက်သေတဦးဖြစ်တဲ့ မောင်မောင်ကို တွေ့ခွင့်ရဖို့ သံအရာရှိက ကော့စမွီရဲစခန်းမှာ တင်ပြတောင်းဆိုတဲ့အခါ ကောင်းကောင်းမွန်မွန်ထားရှိကြောင်းနဲ့ တွေ့ခွင့်မပေးနိုင်ကြောင်း ပြန်ကြားတယ်လို့ဆိုပါတယ်။

တွေ့ဆုံရာမှာ ဒီလူငယ်နှစ်ဦးက သူတို့အနေနဲ့ ပေါက်တူးရိုးနဲ့ ရိုက်ရင်း သေသွားကြတာ ဖြစ်တယ်လို့ ပြောကြားကြောင်းနဲ့ သူတို့ရဲ့အဖြေတွေဟာ တစုံတရာလွဲချော်နေတယ်လို့ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။

“ကျနော်တို့ သိရသလောက်က ဒီအချက်အလက်တွေဟာ ဆေးပညာရှုထောင့်ကသော် လည်းကောင်း၊ သက်သေခံပစ္စည်းရဲ့ ရှုထောင့်ကသော်လည်းကောင်း သူတို့ ပြောချက်တွေနဲ့ ကွဲလွဲတာရှိတယ်။ ကွဲလွဲရုံတင်မကဘဲ ဒီကလေးတွေဟာ အဲဒီညမှာ တော်တော်များများ မူးနေပါတယ် ဆိုတဲ့အနေအထားမျိုးနဲ့ ပြောပါတယ်။ ဒီအချက်တွေကို ကြည့်ခြင်းအားဖြင့် အမှုတွဲတခုလုံးသည် ဘယ်လိုခေါ်မလဲ အတိအကျ မဟုတ်ဘဲနဲ့ ဒီလိုပေါ့ အမှုဖြစ်အောင် လုပ်ထားတဲ့ပုံစံ ဖြစ်နေပါတယ်” လို့ ပြောပါတယ်။

အခင်းဖြစ်ပျက်ပုံတွေဟာ နိုင်ငံတကာ သတင်းတွေမှာလည်း ဖော်ပြနေကြပြီး ထိုင်းရဲတွေ အပေါ်မှာ မေးခွန်းထုတ်နေကြတာပါ။

မနက်ဖြန်မနက် ၁၀ နာရီမှာ ထိုင်းရဲတပ်ဖွဲ့က ဒီအမှုနဲ့ပတ်သက်လို့ ရဲချုပ်ရုံးမှာ သတင်းစာ ရှင်းလင်းပွဲ လုပ်မယ်လို့ ကြားသိရပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်းက လိပ်ကျွန်း ခေါ် ကော့တောင်ကျွန်းကမ်းခြေမှာ စက်တင်ဘာ ၁၅ ရက်နေ့က အသက်နှစ်ဆယ်ကျော်အရွယ် ဗြိတိသျှခရီးသည်နှစ်ဦးဖြစ်တဲ့ Hannah Witheridge နဲ့ David Miller တို့ သတ်ဖြတ်ခံခဲ့ရတာဖြစ်ပြီး ပြီးခဲ့တဲ့သတင်းပတ်မှာ ထိုင်းရဲက ကျူးလွန်သူနှစ်ဦးက ဖြောင့်ချက်ပေးတယ်လို့ ကြေညာပြီး တရားစွဲဖို့ ပြင်နေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013