DVB Logo
Home
နိုင်ငံတကာ
ထိုင်းနိုင်ငံတွင် အနိမ့်ဆုံးလုပ်ခ ဘတ် ၄၀၀ တိုးမြှင့်မည်
DVB
·
September 19, 2024
ထိုင်းနိုင်ငံတွင် အနိမ့်ဆုံးလုပ်ခ ဘတ် ၄၀၀ တိုးမြှင့်မည်
Donate to DVB

ထိုင်းတနိုင်ငံလုံးမှာ အနိမ့်ဆုံး တနေ့လုပ်ခ ဘတ် ၄၀၀ တိုးမြှင့်သတ်မှတ်မှုကို အောက်တိုဘာ ၁ ရက်မှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ စတင်နိုင်မယ်လို့ ယုံကြည်ကြောင်း အလုပ်သမားဝန်ကြီး ဖိဖတ် ရာ့ချ်ကစ်ပရကန်က ပြောပါတယ်။

သက်ရောက်မှုရှိတဲ့ လုပ်ငန်းတွေအတွက်လည်း အစီအစဉ်တွေနဲ့ ကူညီသွားမယ်လို့ ဆိုပါတယ်။ ဘတ် ၄၀၀ အစီအစဉ် အကောင်အထည်ဖော်ဖို့ အလုပ်သမား၊ အလုပ်ရှင်၊ အစိုးရ သုံးပွင့်ဆိုင် ကော်မတီဆွေးနွေးပွဲကို စက်တင်ဘာ ၂၀ ရက်မှာ ပြုလုပ်ဖို့ ရှိနေပါတယ်။

တနင်္လာနေ့ကလည်း အစည်းအဝေး တခါလုပ်ခဲ့ပေမဲ့ အလုပ်ရှင်ကိုယ်စားလှယ် ၅ ယောက်က မအားလပ်လို့ဆိုပြီး မတက်ရောက်ခဲ့တာကြောင့် သပိတ်မှောက်တာလားဆိုပြီး စွပ်စွဲမှုတွေ ရှိနေပါတယ်။

အခုတကြိမ် အစည်းအဝေးမှာလည်း အလုပ်သမား အနည်းဆုံး ၂၀၀ ရှိတဲ့ ကုမ္ပဏီတိုင်း၊ စက်ရုံတိုင်းမှာ လစာတိုးပေးဖို့အရေး ဆွေးနွေးမှာဖြစ်ပါတယ်။

အလုပ်ရှင်ကိုယ်စားလှယ်တွေ သောကြာနေ့မှာ လာလာ၊ မလာလာ ကျန်ရှိတဲ့အဖွဲ့ဝင်တွေက ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ဘတ် ၄၀၀ မူဝါဒကို အတည်ပြုဖို့ ကော်မတီဝင် သုံးပုံနှစ်ပုံ တက်ရောက်မဲပေးရင် လုံလောက်ပြီလို့ ဝန်ကြီးက ဆိုပါတယ်။

အလုပ်သမားဝန်ကြီးက လုပ်ငန်းတွေ မထိခိုက်ရအောင် အစီအအစဉ်တွေလည်း လုပ်သွားမှာဖြစ်လို့ အလုပ်ရှင်ကိုယ်စားလှယ်တွေကိုပါ တက်စေချင်တယ်လို့ ပြောထားပါတယ်။

စီးပွားရေးလုပ်ငန်းကဏ္ဍဟာ လစာတိုးဖို့ အသင့်မဖြစ်သေးဘူးလို့ ထုတ်ပြန်ထားပါတယ်။

ထိုင်းစက်မှုလုပ်ငန်းများ အသင်းချုပ် ဥက္ကဋ္ဌကလည်း လစာတိုးဖို့ကို ခရိုင်အလိုက် ဆပ်ကော်မတီခွဲလုပ်ဖို့ အဆိုပြုထားပါတယ်။

လစာကို ဒေသမခွဲဘဲ တပြေးညီတိုးတာဟာ တချို့လုပ်ငန်းတွေကို ပိတ်ပစ်ရစေနိုင်ကြောင်း၊ အရည်အချင်းပေါ် မူတည်ပြီး ပေးတဲ့စနစ်ကို သွားစေချင်ကြောင်းလည်း ပြောထားပါတယ်။

အနိမ့်ဆုံးလုပ်ခလစာ တိုးပေးရေးဟာ ဖွေ့ထိုင်းပါတီရဲ့ ရွေးကောက်ပွဲ ကတိကဝတ်တွေထဲက အဓိကတချက် ဖြစ်ပါတယ်။

အာဏာရပြီး ပထမနှစ်အတွင်း ဘတ် ၄၀၀ အထိ တိုးပေးမှာဖြစ်ပြီး ၂၀၂၇ မှာ ဘတ် ၆၀၀ အထိ တိုးပေးဖို့ စီစဉ်ထားတာပါ။

သုံးပွင့်ဆိုင်ကော်မတီဟာ ဧပြီ ၁၃ ရက်ကစပြီး ခရိုင် ၁၀ ခုမှာ အနိမ့်ဆုံး ဘတ် ၄၀၀ ပေးဖို့ မတ်လကတည်းက အတည်ပြုပေးခဲ့ပါတယ်။

အဲဒီတိုးမြှင့်မှုကတော့ ခရီးသွားလုပ်ငန်း ဆက်စပ်လုပ်ငန်းတွေနဲ့ ဝန်ထမ်း ၅၀ ထက်မနည်းရှိတဲ့ ကြယ်လေးပွင့်ဟိုတယ်တွေအပေါ် သက်ရောက်ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013