DVB Logo
Home
မြန်မာသတင်း
ကျုံပျော်တွင် စစ်တပ်က အသက် ၆၅ နှစ်အရွယ် အရပ်သားများကို စစ်သင်တန်းပေးနေ
DVB
·
September 19, 2024
ကျုံပျော်တွင် စစ်တပ်က အသက် ၆၅ နှစ်အရွယ် အရပ်သားများကို စစ်သင်တန်းပေးနေ
Donate to DVB

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်မှာ အကြမ်းဖက်မှုကို ကာကွယ်ဖို့ ဒေသလုံခြုံရေးအတွက်ဆိုပြီး အသက် ၃၅ နှစ်ကနေ အသက် ၆၀ နှစ်အတွင်း အရပ်သား ဒေသခံတွေကို စစ်ကောင်စီတပ်က သင်တန်းပေးနေတယ်လို့ သိရပါတယ်။

ကျုံပျော်မြို့ထဲက တေဇရပ်ကွက်၊ အောင်ဆန်းရပ်ကွက်၊ ပင်လုံရပ်ကွက်နဲ့ မြဝတီရပ်ကွက်တွေက အရပ်သား ဒေသခံ အမျိုးသား အသက် ၃၅ နှစ်ကနေ ၆၅ အရွယ် အယောက် ၅၀ လောက်ကို စစ်ကောင်စီတပ်က စက်တင်ဘာ ဒုတိယအပတ်ကစတင် စစ်သင်တန်း ပေးနေတာလို့ သိရပါတယ်။

ကျုံပျော်မြို့ခံတယောက်က “စစ်ကောင်စီဟာ စစ်မှုထမ်းဥပဒေမှာ အသက်အရွယ်အရ ကင်းလွတ်နေသူတွေကို ဒေသလုံခြုံရေးဆိုပြီး ယောကျ်ားမှန်သမျှ စစ်တပ်ထဲသွင်းဖို့ ကြိုးစားနေတာ။ စစ်သင်တန်း မတက်သူတွေကို ဖမ်းဆီးခေါ်မယ်လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ခြိမ်းခြောက် တက်ခိုင်းနေတာ။ အခု သင်တန်းတက်နေရသူတွေက ဆန္ဒမပါဘူး။ အလုပ်အကိုင်လည်း ဘာမှ မလုပ်ရတော့ဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က “အရပ်သားတွေကို စစ်သင်တန်းပေးနေတာ ဟုတ်ပါတယ်။ စစ်ကောင်စီရဲ့ ဗိုလ်လေး၊ ဒုအရာခံဗိုလ် ဆိုသူတွေက သင်တန်းပေးနေတာ။ ကိုယ့်မြို့ကို ပြန်ကာကွယ်ဖို့ စစ်သင်တန်းပို့ချတာလို့ ပြောဆိုပြီး စစ်သင်တန်းပေးနေတာ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က ဒေသလုံခြုံရေး၊ အကြမ်းဖက်မှုကာကွယ်ရေးအတွက်ဆိုကာ အရပ်သား အသက် ၃၅ နှစ်ကနေ ၆၅ နှစ်အရွယ်တွေကို စစ်သင်တန်းတက်ဖို့ ဖိအားပေးခေါ်ကာ စစ်ဝတ်စုံတွေ ပေးဝတ်ပြီး သေနတ်ပစ်ခတ်နည်းတွေကို အဓိကသင်ပေးနေတာလို့ ဆိုပါတယ်။

အဲဒီအသက်အရွယ်တွေကို စာရင်းကောက်ယူ ဖိအားပေးခေါ် စစ်သင်တန်းပေးတဲ့ အလုပ်တွေကိုလည်း စစ်ကောင်စီခန့် ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက အဓိက လုပ်နေတာလို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013