DVB Logo
Home
နိုင်ငံတကာ
စင်ကာပူမှတိမ်းရှောင်လာသည့် မူးယစ်ရာဇာကို ထိုင်းနိုင်ငံတွင် ဖမ်းဆီးရမိ 
DVB
·
September 19, 2024
စင်ကာပူမှတိမ်းရှောင်လာသည့် မူးယစ်ရာဇာကို ထိုင်းနိုင်ငံတွင် ဖမ်းဆီးရမိ 
Donate to DVB

ထိုင်းနိုင်ငံမှာ စင်ကာပူနိုင်ငံကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ မူးယစ်ရာဇာ ဝရမ်းပြေး တယောက်ကို ဖမ်းဆီးရမိတယ်လို့ ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးနဲ့ နှိမ်နင်းရေးရဲ တပ်ဖွဲ့က စက်တင်ဘာ ၁၈ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ 

စင်ကာပူမူးယစ်နှိမ်နင်းရေးရဲတပ်ဖွဲ့က အလိုရှိနေတဲ့  ဘဲန်နီ ခေါ် MR.BENNY KEE SOON CHUAN ဟာ ထိုင်းနိုင်ငံထဲမှာ လာရောက်တိမ်းရှောင်နေပြီး  ကူညီဖမ်းဆီးပေးဖို့  စင်ကာ ပူရဲတပ်ဖွဲ့က အကြောင်းကြားလာတဲ့အတွက် စုံစမ်းထောက်လှမ်းခဲ့တယ်၊ စင်ကာပူဘက်ကလည်း စုံစမ်းစစ်ဆေးရေး ရဲတပ်ဖွဲ့ဝင် ၆ ဦးပါ စေလွှတ်ခဲ့တယ်၊ အဲဒီနောက်  ထိုင်းအလယ်ပိုင်း စမွတ်ပရကန်မြို့ရှိ နေအိမ်တလုံးမှာ စက်တင်ဘာ ၁၇ ရက်က ဖမ်းဆီးရမိခဲ့တယ်လို့  ထိုင်းမူးယစ်နှိမ်နှင်းရေးရဲတပ်ဖွဲ့ ဒုရဲချုပ် ဖာနုရတ် လတ်ဘွန်းက ‌ပြောပါတယ်။ 

ဒါ့အပြင် သူပိုင်ဆိုင်တဲ့ ဘတ်သန်းပေါင်း ၃၀ ကျော်တန်ဖိုးရှိ မော်တော်ကား၊ ဘရဲင်းနာရီ၊ ရွှေထည်ပစ္စည်း အစရှိတဲ့ ပစ္စည်းပေါင်း ၂၆ မျိုးကိုပါ သိမ်းဆည်းခဲ့တယ်၊ လောလောဆယ် ထိုင်းရဲတပ်ဖွဲ့က ထိန်းသိမ်းထားပြီး အမှုပြီးသွားရင် သက်ဆိုင်ရာမိခင်နိုင်ငံကို ပြန်အပ်မယ်လို့ ဆိုပါတယ်။ 

ဘဲန်နီဟာ စင်ကာပူနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၀၂၂ နဲ့ ၂၀၂၃ ခုနှစ်က အိုက်စ်၊ ကက်တမင်း၊  စိတ်ကြွဆေး  အစရှိတဲ့ မူးယစ်ဆေးဝါးတွေကို  ထိုင်းနိုင်ငံကနေ ပါဆယ်ထုတ်နဲ့ စင်ကာပူ၊ မလေးရှား စတဲ့ နိုင်ငံတွေကို ဖြန့်ဖြူးတင်ပို့ခဲ့တယ်၊ ထိုစဉ်က Mr.Teo Zhi Jie နဲ့ Mr.Wee Ping Adrian Peh  တို့ကို ဦးစွာဖမ်းဆီးရမိခဲ့ပြီး သူတို့ရဲ့ ထွက်ဆိုချက်အရ အဓိကကြိုးကိုင်သူမှာ ဘဲန်နီ ဖြစ်တယ်လို့ ဆိုပါတယ်။ 

သူတို့ဟာ ထိုင်းနိုင်ငံက မူးယစ်ဆေးတွေကို အခြားနိုင်ငံသို့ တင်ပို့ပေမဲ့ ထိုင်းနိုင်ငံမှာ မူးယစ်ဆေး ထုတ်လုပ်တာ မရှိကြောင်း၊ အိမ်နီးချင်းနိုင်ငံတွေကနေ တရားမဝင် ဝင်ရောက် လာတာတွေ ဖြစ်တယ်လို့  ထိုင်းမူးယစ်နှိမ်နှင်းရေးရဲတပ်ဖွဲ့ က ပြောသွားပါတယ်။ 

ကိုးကား - ThaiPBS / MGROnline 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013