DVB Logo
Home
နိုင်ငံတကာ
ရာဇဝတ်ဂိုဏ်းများသုံးသည့် GHOST App တီထွင်ကြိုးကိုင်သူကို သြစတြေးလျရဲက ဖမ်းဆီး တရားစွဲ
DVB
·
September 19, 2024
ရာဇဝတ်ဂိုဏ်းများသုံးသည့် GHOST App တီထွင်ကြိုးကိုင်သူကို သြစတြေးလျရဲက ဖမ်းဆီး တရားစွဲ
Donate to DVB

သြစတြေးလျရဲတပ်ဖွဲ့ဟာ ကမ္ဘာလုံးဆိုင်ရာ ရာဇဝတ်ဂိုဏ်းကွန်ရက်တွေ အသုံးပြုနေကြတဲ့ စာတိုပေးပို့တဲ့ Ghost App အက်ပလီကေးရှင်းကို ဖန်တီး စီမံခန့်ခွဲလုပ်ဆောင်နေသူ အမျိုးသားတယောက်ကို စက်တင်ဘာ ၁၈ ရက်မှာ ဖမ်းဆီးလိုက်ပြီး ဒီအမှုဟာ နိုင်ငံတွင်းမှာ ပထမဆုံး အမှုအမျိုးအစား ဖြစ်တယ်လို့ ဆိုပါတယ်။ 

ရဲတပ်ဖွဲ့ဟာ အခုလအတွင်း သြစတြေးလျပြည်နယ်တွေနဲ့ နယ်မြေ ၄ ခုမှာ ၂ ရက်ကြာ ဝင်ရောက်စီးနင်းခဲ့ပြီး ဆက်စပ်ရှာဖွေမှုတွေကို အိုင်ယာလန်၊ အီတလီ၊ ဆွီဒင်နဲ့ ကနေဒါ တို့မှာလည်း ပြုလုပ်ခဲ့ပါတယ်။ 

Ghost Appကို အသုံးပြုတယ်လို့ စွပ်စွဲခံထားရတဲ့ သြစတြေးလျ ပြစ်မှုကျူးလွန်သူ အယောက် ၅၀ လောက်ဟာ ထင်ရှားတဲ့ ထောင်ဒဏ်တွေ အပါအဝင် တရားရေးစွဲချက်တွေကိုလည်း ရင်ဆိုင်နေရပြီးတော့ လာမယ့်ရက် အနည်းငယ်အတွင်းမှာ သြစတြေးလျနဲ့ နိုင်ငံရပ်ခြားမှာ ဖမ်းဆီးမှုတွေ ပိုများပြားလာဖွယ် ရှိကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

သြစတြေးလျ ဖက်ဒရယ်ရဲတပ်ဖွဲ့ ဒုတိယ ကော်မရှင်နာ အီယန် မက်ကာ့တ်နီက  “လွန်ခဲ့တဲ့ ၂ ရက်အတွင်း အဖွဲ့ဝင် ၇၀၀ လောက် ပါဝင်ခဲ့ပြီး Ghost ကွန်မ့်ပလပ်ဖောင်းကို အသုံးပြုနေသူတွေကို ဖမ်းဆီးဖို့အတွက် ပြည်နယ် ၄ ခုမှာ ရှာဖွေဝရမ်းထုတ်ရာမှာ ကူညီခဲ့တယ်” လို့ ပြောပါတယ်။

အီတလီ ရာဇဝတ်ဂိုဏ်းတွေ၊ မော်တော်ဆိုင်ကယ်ဂိုဏ်း အဖွဲ့ဝင်တွေ၊ အရှေ့အလယ်ပိုင်း ရာဇဝတ်ဂိုဏ်းတွေနဲ့ ကိုရီးယားရာဇဝတ်ဂိုဏ်းတွေဟာ မူးယစ်ဆေးဝါးတင်သွင်းဖို့နဲ့ တခြားသတ်ဖြတ်မှုတွေ လုပ်ဖို့ သြစတြေးလျနဲ့ ပြည်ပတို့မှာ Ghost  App ကို အသုံးပြုကြတာ လို့လည်း ဆိုပါတယ်။

အဲဒီ Ghost  App ဟာ အချက်အလက်ကို အသွင်ပြောင်းပြီး ကုဒ်နံပါတ်ကို သီးခြားဝှက်ထားတဲ့ ကွန်မြူနတီ ပလက်ဖောင်း ဖြစ်တာကြောင့် အချက်အလက်ခိုးယူဖို့ မလွယ်လှပါဘူး။

Ghost  App ကို ရာဇ၀တ်မှုကျူးလွန်ရာမှာ လွယ်ကူစေဖို့ ရာဇဝတ်ကောင်တွေ သုံးဖို့အတွက် ရာဇ၀တ်ကောင်တွေကပဲ ဖန်တီးထားတာလို့ ဩစတေးလျ ဖက်ဒရယ်ရဲတပ်ဖွဲ့ (AFP) က စွပ်စွဲထားပါတယ်။

ဒါပေမဲ့ ရဲတပ်ဖွဲ့ဟာ စုံစမ်းစစ်ဆေးသူတွေ၊ ထောက်လှမ်းရေးအဖွဲ့ဝင်တွေ၊ နည်းပညာ ကျွမ်းကျင်သူတွေနဲ့ AFP ရဲတပ်ဖွဲ့ မှာ ရှိတဲ့ တခြားပံ့ပိုးကူညီမှု စွမ်းရည်တွေကနေ ကုဒ်ဝှက်ထားတဲ့ Ghost  App ကို ဖောက်ထွင်းပြီး ဖြုတ်ချလိုက်နိုင်ပါတယ်။ 

အဲဒီရဲ့ ရလဒ်အဖြစ် သြစတြေးလျမှာ လူအယောက် ၅၀ လောက် သေဆုံးမှု သို့မဟုတ် ပြင်းထန်တဲ့ ဒဏ်ရာရရှိမှုတွေ ဖြစ်မလာအောင် တားဆီးနိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။ 

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013