DVB Logo
Home
နိုင်ငံတကာ
လိင်ကုန်ကူးမှုဖြင့် ဖမ်းဆီးခံထားရသည့် ဟစ်ဟော့ပ် အဆိုတော် ဒစ်ဒီ အာမခံပယ်ချခံရ
DVB
·
September 18, 2024
လိင်ကုန်ကူးမှုဖြင့် ဖမ်းဆီးခံထားရသည့် ဟစ်ဟော့ပ် အဆိုတော် ဒစ်ဒီ အာမခံပယ်ချခံရ
Donate to DVB

နာမည်ကြီး ရက်ပ်ပါတယောက်ဖြစ်တဲ့ ရှောင် ဒစ်ဒီ ကုမ့်စ်ဟာ လိင်ကုန်ကူးတဲ့အမှုမှာ အပြစ်မရှိကြောင်း ဝန်ခံခဲ့ပြီးနောက် အာမခံပေးဖို့ ငြင်းဆိုခံရပါတယ်။

အသက် ၅၄ နှစ်အရွယ်  ဟစ်ဟော့ပ် အဆိုတော်ကို ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်က နယူးယောက်ခ်မြို့မှာ ဖမ်းဆီးရမိခဲ့တာပါ။

မစ္စတာ ကုမ့်စ်ဟာ ၂၀၀၈ ခုနှစ်လောက်က စပြီး မူးယစ်ဆေးဝါးအပေါ် အဓိကမှီခိုကာ ရာဇဝတ်လုပ်ငန်းတခုကို လည်ပတ်လုပ်ကိုင်နေမှု အပါအဝင် သူ့ရဲ့ “လိင်ပိုင်းဆိုင်ရာ စိတ်ဆန္ဒအတိုင်း ဖြည့်ဆည်းနိုင်ဖို့” အတင်းအကျပ် စေခိုင်းခဲ့တယ်ဆိုပြီး စွပ်စွဲခံထားရပါတယ်။

နောက်ထပ်ရုံးချိန်းမတိုင်ခင်မှာ လေကြောင်းခရီးစဉ်နဲ့ ထွက်ပြေးသွားနိုင်ကြောင်း အစိုးရရှေ့နေတွေဘက်က စောဒကတက်ခဲ့ကြပြီးနောက် ကုမ့်စ်ကို ဆက်ချုပ်ထားဖို့သာ တရားသူကြီးအနေနဲ့ ဆုံးဖြတ်ခဲ့ပါတယ်။

စာမျက်နှာ ၁၄ မျက်နှာပါ တရားစွဲဆိုချက်အရ တရားမဝင်လုပ်ငန်း လုပ်ကိုင်မှု၊ အတင်းအဓမ္မ လိင်ကုန်ကူးမှုနဲ့ ပြည့်တန်ဆာလုပ်ငန်းမှာ ပါဝင်ပတ်သက်မှုတွေအထိ ပါဝင်ပါတယ်။

အဲဒီအမှု ၃ စလုံးမှာသာ ပြစ်မှုထင်ရှားခဲ့ရင် ကုမ့်စ်ဟာ ထောင်ဒဏ် ၁၅ နှစ်ကနေ တသက်တကျွန်းအထိ ကျခံရမှာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ မတ်လအတွင်း လော့စ်အိန်ဂျလိစ်နဲ့ မိုင်ယာမီမြို့မှာရှိတဲ့ ကုမ့်စ်ရဲ့နေအိမ်တွေကို ဖက်ဒရယ်အာဏာပိုင်တွေက ဝင်ရောက်စီးနင်းခဲ့ရာ လက်နက်ခဲယမ်းတွေနဲ့အတူ ချောဆီပုလင်း ၁,၀၀၀ ကျော်ပါ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ကုမ့်စ်ရဲ့ ရည်းစားဟောင်းဖြစ်သူ ကဆန် ဒရာ ဗန်တူရာ အပါအဝင် အမျိုးသမီး ၄ ယောက်ကလည်း လိင်ပိုင်းရော ရုပ်ပိုင်းဆိုင်ရာပါ စော်ကားခံရတယ်ဆိုပြီး သူ့ကို အမှုဖွင့်ထားပါတယ်။

ဒီလိုမျိုး တရားစွဲဆိုခဲ့အပြီး နောက်ရက်မှာပဲ အမှုပြန်ပိတ်ခဲ့တဲ့အတွက် ကုမ့်စ်နဲ့ ဗန်တူရာ ကြားက သဘောတူညီခဲ့တဲ့ အချက်အလက်တွေကိုတော့ ဖော်ပြခဲ့ခြင်း မရှိပါဘူး​။

ဒီစွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ကုမ့်စ်ဘက်က အပြင်းအထန် ငြင်းဆန်ခဲ့တဲ့အပြင် တရားလိုတွေကိုပါ “ပိုက်ဆံအမြန်လိုချင်သူတွေ” သာဖြစ်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။

၁၉၉၀ ပြည့်နှစ် အစောပိုင်းမှာ Bad Boy တေးဂီတကုမ္ပဏီကို တည်ထောင်ခဲ့ပြီးနောက် ကုမ့်စ်က “ပီ-ဒစ်ဒီ” ဆိုတဲ့ အနုပညာနာမည်နဲ့ ဟစ်ဟော့ပ်သမိုင်းတလျှောက် အအောင်မြင်ဆုံး ထုတ်လုပ်သူတွေထဲမှာ ပါဝင်လာခဲ့ပါတယ်။

ဆယ်စုနှစ်သုံးခုကြာ အနုပညာသက်တမ်းအတွင်း ကုမ့်စ်က Usher၊ Mary J Blige နဲ့  Notorious B.I.G. တို့ကို အောင်မြင်လာအောင် ကူညီပေးနိုင်ခဲ့တဲ့ တေးထုတ်လုပ်သူအဖြစ် အသိအမှတ်ပြု ခံခဲ့ရပါတယ်။

ဒါ့အပြင် ကုမ့်စ်ဟာ ဖက်ရှင်၊ ရေမွေးနဲ့ ယမကာတံဆိပ်မျိုးစုံပါ ပိုင်ဆိုင်ထားတာကြောင့် ဒေါ်လာသန်း ၄၀၀ လောက် ကြွယ်ဝသူလည်း ဖြစ်ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013