
ဆော်ဒီကလပ် အယ်လ်နာဆာအသင်းဟာ ရလဒ်ဆိုးတွေကြောင့် နည်းပြချုပ် လူးဝစ်ကတ်စထရိုကို ထုတ်ပယ်လိုက်ပါတယ်။
အယ်လ်နာဆာ အသင်းဟာ နောက်ဆုံး ၅ ပွဲမှာ ၁ ပွဲသာ အနိုင်ရခဲ့ပြီးနောက်မှာ ပေါ်တူဂီနည်းပြ ကတ်စ်ထရိုကို ရာထူးကနေ ထုတ်ပယ်ခဲ့တာပါ။
ပြီးခဲ့တဲ့ ၁၄ လတာကာလအတွင်း စွမ်းဆောင်ခဲ့မှုအတွက် ကျေးဇူးတင်ရှိပြီး အနာဂတ်မှာ အောင်မြင်ပါစေကြောင်း အယ်လ်နာဆာရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
စီရော်နယ်ဒိုပါဝင်ကစားနေတဲ့ အယ်လ်နာဆာအသင်းဟာ ရော်နယ်ဒို ပြောင်းရွှေ့လာပြီးနောက် နည်းပြ ၃ ဦးမြောက် ထုတ်ပယ်ခဲ့တာပါ။
နောက်ဆက်တွဲသတင်းတွေအရ အယ်လ်နာဆာအသင်းဟာ အေစီမီလန်နည်းပြဟောင်း စတီဖာနိုပီအိုလီကို ခေါ်ယူခန့်အပ်ဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။
Photo-Reuters