DVB Logo
Home
မြန်မာသတင်း
အီးတူးထ ဒုက္ခသည်စခန်း ရေဘေးအကူအညီအရေးပေါ်လိုအပ်
DVB
·
September 17, 2024
အီးတူးထ ဒုက္ခသည်စခန်း ရေဘေးအကူအညီအရေးပေါ်လိုအပ်
1 / 7
Donate to DVB

မြန်မာပြည်တွင်း သံလွင်မြစ်ကမ်းရှိ အီးတူးထ ဒုက္ခသည်စခန်းမှာ မိုးအဆက်မပြတ်ရွာသွန်းတာနဲ့ သံလွင်မြစ်ရေမြင့်တက်တာကြောင့် ရေဘေးကြုံတွေ့ခဲ့ရပြီး အရေးပေါ်အကူအညီ လိုအပ် နေပါတယ်။

ပြည်တွင်း အီးတူးထစခန်းဟာ စက်တင်ဘာ ၁၁ ရက်ကစပြီး မြစ်ရေတက်တာကြောင့် လူနေအိမ်ခြေ တချို့ မျောပါသွားသလို ဘော်ဒါဆောင်၊ ဆေးရုံ၊ ဘုရားကျောင်းဆန်ဂိုဒေါင် အပါဝင် အိမ်ခြေ ၁၀၀ လောက် ရေလွှမ်းခဲ့တာပါ။

ဒီနေ့မှာတော့ ရေပြန်ကျသွားပြီဖြစ်ပေမဲ့ နေအိမ်မျောပါသွားတာနဲ့ နေအိမ်ပျက်စီးမှုကြောင့် အကူညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ ကရင်အမျိုးသမီးအဖွဲ့ (KWO) ဒု-ဥက္ကဋ္ဌ  နော်စေးစေးဟဲက ပြောပါတယ်။

“တချို့အိမ်တွေက မျောပါသွားတယ်။ ပျက်စီးသွားတယ်။ ပစ္စည်းတွေပျက်စီးတယ်။ ရေထဲမျောပါသွားတယ်။ ဒါကြောင့် အခုလောလောဆယ်လိုအပ်တာ အစားသောက်တွေ၊ အိုးတွေခွက်တွေနဲ့ သောက်သုံးရေတွေလိုတယ်။ အိမ်ခြေ အားလုံးရေနစ်မြုပ်သွားတာ အလုံး ၉၀ ရှိတယ်။ လုံးဝ ပြန်နေလို့မရတာက  ၂၈ အိမ်၊ ပြန်ပြုပြင်ရမယ့်အိမ်က ၆၂ အိမ်ရှိပါတယ်။”

နေအိမ်မျောပါ ပျက်စီးပြီးသွားတဲ့သူတွေကတော့ နီးစပ်ရာဆွေမျိုးအိမ်တွေနဲ့ တောင်ပေါ် ရေလွတ်ရာ နေရာတွေမှာ ခိုလှုံနေကြရပါတယ်။ ဒါ့အပြင်  ဆန်ဂိုဒေါင်က ရေနစ်မြုပ်ခဲ့တာကြောင့် ရေနဲ့  အစားသောက်တွေပါ အရေးပေါ်လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။

အီးတူးထဒုက္ခသည်စခန်းမှာ အိမ်ခြေ ၄၀၆ လုံးနဲ့ လူဦးရေ ၂၆၃၂ ယောက်ရှိပြီး ရေးဘေးဒဏ်ခံရသူပေါင်း  ၅၅၅ ဦးရှိတယ်လို့ KWO က  ပြောပါတယ်။

စက်တင်ဘာ ၁၁ ရက်က သံလွင်မြစ်ရေကြီးပြီး မြစ်ကမ်းတလျှောက်က ကျေးရွာတွေ၊ IDP စခန်းတွေ ရေနစ်မြုပ်ပျက်စီးနေပြီး အကူညီတွေ အရေးပေါ် လိုအပ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013