DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင် ၀င်ငွေခွန်ကြေလွှာတင်သည့် ကုမ္ပဏီ ၃၀ ရာခိုင်နှုန်းသာ ရှိ
DVB
·
October 6, 2014
မြန်မာနိုင်ငံတွင် ၀င်ငွေခွန်ကြေလွှာတင်သည့် ကုမ္ပဏီ ၃၀ ရာခိုင်နှုန်းသာ ရှိ
Donate to DVB

မြန်မာနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီ ၃၉၀၀၀ လောက် ရှိတဲ့အထဲမှာ အခုနှစ် ပထမ ၃ လအတွင်း ၀င်ငွေခွန်ကြေညာလွှာတင်တဲ့ ကုမ္ပဏီမှာ ၃၀ ရာခိုင်နှုန်းသာ ရှိကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန တာဝန်ရှိသူ ပြောဆိုလိုက်ပါတယ်။

tax pရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှာ အောက်တိုဘာ ၅ ရက်နေ့က ပြုလုပ်တဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ အမျိုးသားစီမံကိန်းနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနတို့ရဲ့ အစိုးရ မူဝါဒ လုပ်ငန်းစဉ်တွေအကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။

ဝင်ငွေခွန် ကြေညာမတင်သွင်းတဲ့ ကျန်ကုမ္ပဏီ ၇၀ ရာခိုင်နှုန်းဟာ ကျသင့်အခွန်ရဲ့ ၁၀ ရာနှုန်းကို ပြစ်ဒဏ်အဖြစ် ဒဏ်ငွေပေးဆောင်ရမှာ ဖြစ်ပါတယ်။

သတင်းစာရှင်းလင်းပွဲကို ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ အမျိုးသားစီမံကိန်းနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်နဲ့ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းတို့ တက်ရောက်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံခြားအကြွေး အမေရိကန်ဒေါ်လာ ၉.၇ ဘီလီယံ ရှိပြီး အတိုးနည်းနည်းနဲ့ နှစ်ရှည်ချေးငွေတွေကို အဓိက ချေးယူသွားဖို့ စီစဉ်ထားတယ်လို့လည်း ပြောဆိုသွားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013