DVB Logo
Home
မြန်မာသတင်း
ပြည်သူများ အန္တရာယ်ကင်းရန် ဆည်တော်ကြီးရေလှောင်တမံကို MDY PDF စောင့်ကြည့်နေ
DVB
·
September 16, 2024
ပြည်သူများ အန္တရာယ်ကင်းရန် ဆည်တော်ကြီးရေလှောင်တမံကို MDY PDF စောင့်ကြည့်နေ
Donate to DVB

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဆည်တော်ကြီးရေလှောင်တမံနဲ့ ပတ်သက်ပြီး ပြည်သူတွေ အန္တရာယ်မဖြစ်စေဖို့ စောင့်ကြည့်နေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) ထံက သိရပါတယ်။

စက်တင်ဘာ ၁၅ ရက် တိုင်းထွာချက်အရ ဆည်တော်ကြီးရေလှောင်တမံရဲ့ လက်ရှိ ကန်ရေပြင်အမှတ်ဟာ ၃၈၅ ပေဖြစ်ကာ ကန်ရေပြည့်အမှတ်က ၄၂၀ ပေဖြစ်ပြီး ပုံမှန်ရေထိန်းအမှတ်ကို ၄၁၅ ပေနဲ့ ထိန်းသိမ်းလည်ပတ်လျက်ရှိတယ်လို့ MDY PDF က စက်တင်ဘာ ၁၅ ရက်မှာ ထုတ်ပြန်အသိပေးထားပါတယ်။

MDY PDF ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က “ဟုတ်ကဲ့၊ ဆည်တော်ကြီး ရေလှောင်တမံက ပုံမှန်အတိုင်းပဲ လည်ပတ်နေပါတယ်ခင်ဗျာ။ ဒီနေ့အထိ စိတ်ချရတဲ့ အခြေအနေမှာ ရှိနေပါတယ်” လို့ DVB ကို ပြောပါတယ်။

ဒါကြောင့် ပြည်သူတွေအနေနဲ့ ဆည်တော်ကြီးရေလှောင်တမံနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေ မဖြစ်ပေါ်စေဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အနေနဲ့ ပြည်သူတွေ ဘေးအန္တရာယ် မဖြစ်စေဖို့ စနစ်တကျ စောင့်ကြည့်လည်ပတ်နေတယ်လို့ ဆိုပါတယ်။

မန္တလေးမြို့ရဲ့ အဓိကကျတဲ့ ဆည်တခုဖြစ်တဲ့ ဆည်တော်ကြီး ရေလှောင်တမံဟာ ဧကပေ ၃၆၃,၀၀၀ ရှိပြီးတော့ ကန်ပေါင်အမျိုးအစားသုံးမျိုးနဲ့ တည်ဆောက်ထားကာ ရေလွှတ်အပေါက် ၇ ပေါက်ရှိပြီး အရင်ကတည်းက လွှတ်ထားတဲ့ အမြင့် ၂ ပေအတိုင်း ရေလွှတ် ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

MDY PDF အနေနဲ့ ပြည်သူတွေ ဘေးကင်းစေဖို့ ဆည်ရေတွေကို ထိန်းသိမ်းစောင့်ကြည့်နေပေမဲ့ စစ်ကောင်စီကတော့ ဆည်ရေတွေကို ဖောက်ချနေတာကြောင့် မြို့ရွာတွေမှာ ရေကြီးနစ်မြုပ်တာတွေ ခံစားနေကြရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013