DVB Logo
Home
မြန်မာသတင်း
မြန်မာရေဘေးအတွက် အိန္ဒိယက အရေးပေါ်ကယ်ဆယ်ရေးပစ္စည်း ၁၀ တန် ကူညီ
DVB
·
September 16, 2024
မြန်မာရေဘေးအတွက် အိန္ဒိယက အရေးပေါ်ကယ်ဆယ်ရေးပစ္စည်း ၁၀ တန် ကူညီ
Donate to DVB

ယာဂီတိုင်ဖွန်းမုန်တိုင်းကြောင့် ရေဘေးဒဏ်ခံခဲ့ရတဲ့ မြန်မာ၊ လာအိုနဲ့ ဗီယက်နမ် ၃ နိုင်ငံကို အိန္ဒိယနိုင်ငံက အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းတွေ ပေးပို့မယ့် “Operation Sadbhav” ကို စက်တင်ဘာ ၁၅ ရက်မှာ စတင်လိုက်တယ်လို့ India Today သတင်းမှာ ဖော်ပြပါတယ်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျိုင်ရှန်ကာက ဒီအကူအညီနဲ့ ပတ်သက်ပြီးတော့ မုန်တိုင်းဒဏ်ခံ ပြည်သူတွေနဲ့အတူ စည်းလုံးညီညွတ်မှု ပြသတဲ့အနေနဲ့ ခုလိုပေးအပ်တာဖြစ်တယ်လို့  ပြောထားပြီး မြန်မာအတွက် အိန္ဒိယရေတပ် INS Satpura သင်္ဘောပေါ်မှာ ရိက္ခာခြောက်၊ အဝတ်အထည်နဲ့ ဆေးဝါးတွေအပါအဝင် အရေးပေါ် ကယ်ဆယ်ရေးပစ္စည်း ၁၀ တန် ပို့ဆောင်မယ်လို့ သူ့ရဲ့ လူမှုကွန်ရက်ပေါ်ကတဆင့် ရေးသားမျှဝေထားပါတယ်။

အဆိုပါ မုန်တိုင်းဟာ အာရှတိုက်ရဲ့ တနှစ်တာအားအပြင်းဆုံး မုန်တိုင်းလို့ ခေါ်ဆိုနိုင်ပြီး မုန်တိုင်းဟာ ကုန်းတွင်းပိုင်းကို ဝင်ရောက်ပြီးနောက် မြန်မာ၊ လာအိုနဲ့ ဗီယက်နမ်နိုင်ငံတွေမှာ ပြင်းထန်တဲ့ ရေကြီးရေလျှံမှုတွေ ရင်ဆိုင်နေကြရတဲ့အပြင် မုန်တိုင်းကြောင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး နေရာအနှံ့ ပျက်စီးမှုတွေ ဖြစ်ပေါ်ကာ ဒေသအနှံ့ လူထောင်ပေါင်းများစွာ အိုးအိမ်မဲ့ ဖြစ်ခဲ့ရတာပါ။

တောင်တရုတ်ပင်လယ်ကနေ စတင်ခဲ့တဲ့ ယာဂီတိုင်ဖွန်းမုန်တိုင်းဟာ လွန်ခဲ့တဲ့ သီတင်းတပတ်ကျော်က ကုန်းတွင်းပိုင်းဆီ ဝင်ရောက်ခဲ့ပြီး ဗီယက်နမ်နိုင်ငံမှာ လူ ၂၀၀ နီးပါးနဲ့ မြန်မာနိုင်ငံမှလည်း ရာနဲ့ချီ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူကတော့ စက်တင်ဘာ ၁၄ ရက်အထိ ရရှိတဲ့ ကိန်းဂဏန်း အချက်အလက်တွေအရ နိုင်ငံတဝန်း သေဆုံးသူ ၁၁၃ ဦးရှိတယ်လို့ ပြောပေမဲ့ မြေပြင်မှာတော့ ဒီထက်ပိုများနိုင်တာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ မြန်မာရေဘေးသင့်ပြည်သူတွေကို အရပ်ဘက်လူမှုကူညီကယ်ဆယ်ရေး အဖွဲ့အစည်းတွေ အသီးသီးက ထောက်ပံ့ကူညီမှုတွေ လုပ်ဆောင်နေကြသလို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း လူသားချင်းစာနာမှုဆိုင်ရာ အကူညီပေးရေး ရန်ပုံငွေကနေ ထောက်ပံ့ကူညီမှုတွေ လုပ်ဆောင်နေတာပါ။

စက်တင်ဘာ ၁၆ ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာတော့ ရေဘေးသင့်ဒေသတွေက ပြည်သူတွေအတွက် လိုအပ်တဲ့ အရေးပေါ် လူသားချင်းစာနာမှုဆိုင်ရာ ကဏ္ဍအလိုက် မျှဝေသုံးစွဲသွားနိုင်ဖို့ NUG အစိုးရဆီကတဆင့် စက်တင်ဘာ ၁၅ ရက်ညနေပိုင်းအထိ ကျပ် သိန်း ပေါင်း ၈၀၀ တိတိ လွှဲပြောင်းပေးအပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

Source: India Today 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013