DVB Logo
Home
မြန်မာသတင်း
မန္တလေးက လုပ်ငန်းရှင်များကို PDF အယောင်ဆောင်ကာ ခြိမ်းခြောက်ငွေတောင်းခံနေ
DVB
·
September 16, 2024
မန္တလေးက လုပ်ငန်းရှင်များကို PDF အယောင်ဆောင်ကာ ခြိမ်းခြောက်ငွေတောင်းခံနေ
Donate to DVB

မန္တလေးမြို့မှာ ပြီးခဲ့တဲ့စက်တင်ဘာ ၁၀ ရက်ကနေ ၁၅ ရက်အထိ မြို့ခံလုပ်ငန်းရှင်တွေဆီက PDF အယောင်ဆောင်ကာ မသမာသူတွေက ခြိမ်းခြောက်ငွေတောင်းခံတာတွေ ဆက်တိုက်လုပ်နေတယ်လို့  မန္တလေးခရိုင်အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။

မန္တလေးခရိုင်အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ ခြိမ်းခြောက်ငွေ တောင်းခံတာမျိုးကို လုပ်ဆောင်ခြင်းမရှိဘဲ လက်ရှိအချိန်ထိ ပြည်သူလူထုက လှူဒါန်းတာတွေကိုသာ လက်ခံ နေတယ်လို့ မန္တလေးခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စစ်ရေးတာဝန်ခံက ပြောပါတယ်။

“ကျနော်တို့ မန်းလေးခရိုင် ပကဖအနေနဲ့ အဲ့ဒီလိုမျိုး ခြိမ်းခြောက်တောင်းခံတာတွေ တခါမှ မလုပ်ဖူးဘူး။ စစ်ကောင်စီဘက်က တော်လှန်ရေးကို ဖျက်ဆီးပစ်တဲ့ ပုံစံဆိုတာ အဖြေက ရှင်းနေပါတယ်။ တော်လှန်ရေးအဖွဲ့ထဲကလည်း အခုလို လုပ်ဆောင်တာမျိုး စိစစ်တွေ့ရှိရင် PDF တပ်မတော်ရဲ့ စစ်စည်းကမ်းဥပဒေနဲ့အညီ ပြင်းထန်စွာအရေးယူသွားဖို့ NUG အစိုးရကထုတ်ပြန် ထားပြီးသားပါ။”

မန္တလေးခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ရင်းနဲ့ တပ်ဖွဲ့တွေ နာမည်အသုံးပြုပြီး မြို့ခံ လုပ်ငန်းရှင်တွေထံ အွန်လိုင်းကတဆင့် စာပို့ခြိမ်းခြောက်ကာ ဆက်ကြေးတောင်းခံတာတွေ ရှိနေကြောင်း မန္တလေးမြို့ရှိ လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

စာပို့ခံရတဲ့ မြို့ခံလုပ်ငန်းရှင်တဦးက “Viber ကနေ ပို့လာတာပါ။ စာထဲမှာက အလှူခံ ခေါင်းစဥ်မျိုး မဟုတ်ဘဲ ဆက်ကြေးအသေးစားအနေနဲ့ ငွေကျပ် ၁၀ သိန်းကို မဖြစ်မနေပေးရမယ်ဆိုပြီး ရေးထားတယ်။ မပေးရင်လုပ်ငန်းနဲ့ စည်းစိမ်ကို ထိပါးမယ်ဆိုပြီး ခြိမ်းခြောက်ထားတာ” လို့ ပြောပါတယ်။

ဒါ့အပြင် ပြည်သူ့ကာကွယ်ရေး PDF တပ်ရင်း တပ်ဖွဲ့၊ ပကဖ၊ စစ်ကြောင်းတွေရဲ့ နာမည်၊ အမှတ်တံဆိပ်တွေ အသုံးပြုကာ မသမာသူတွေက ပြည်သူတွေထံ အသံဖိုင်၊ စာတွေနဲ့ ငွေညှစ်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။

၂၀၂၃ ခုနှစ် ဧပြီလအတွင်းကလည်း မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲက စီးပွားရေးလုပ်ကိုင်နေသူတွေထံ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အယောင်ဆောင်ကာ ငွေတောင်းခံစာ ပေးပို့မှုတွေ လုပ်ဆောင်ခဲ့သေးကြောင်း ဒေသခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013