DVB Logo
Home
မြန်မာသတင်း
ကြံခင်းမြို့နယ်တွင် ရေကြီးသဖြင့် စာသင်ကျောင်း ၁၀ ကျောင်း ယာယီပိတ်ထားရ
DVB
·
September 15, 2024
ကြံခင်းမြို့နယ်တွင် ရေကြီးသဖြင့် စာသင်ကျောင်း ၁၀ ကျောင်း ယာယီပိတ်ထားရ
1 / 3
Donate to DVB

ဧရာဝတီတိုင်း၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်မှာ မိုးအဆက်မပြတ်ရွာသွန်းပြီး စာသင်ကျောင်းတွေထဲ ရေဝင်ရောက်နစ်မြုပ်လာလို့ စာသင်ကျောင်း ၁၀ ကျောင်းကို ပိတ်ထားရတယ်လို့ ပညာရေးဝန်ထမ်းတွေဆီက သိရပါတယ်။ 

စက်တင်ဘာ ၁၂ ရက်က စတင်ပြီး ရက်ဆက် မိုးရွာသွန်းတာကြောင့် စာသင်ကျောင်းတွေထဲ ရေဝင်ရောက်လာလို့ ကြံခင်းမြို့နယ်ထဲက အထက်တန်းကျောင်းတွေအပါအဝင် စာသင်ကျောင်း ၁၀ ကျောင်းကို စက်တင်ဘာ ၁၃ ရက် က စတင်ပိတ်ထားရတာလို့ ဆိုပါတယ်။ 

ပညာရေးမှူးရုံးနဲ့ နီးစပ်သူ တယောက်က “စာသင်ကျောင်းတွေက အဆက်မပြတ်ရွာတဲ့ မိုးဒဏ်ကြောင့် ရေတွေ ဝင်ရောက်လာလို့ပိတ်ထားရတာပါ။ ကြံခင်းမြို့နယ်ထဲက ကျောင်းတွေပါ။ သင်ကြားရေး လုပ်ငန်းတွေ ဆက်လုပ်လို့မရလို့ ပိတ်ရတာပါ” လို့ ပြောပါတယ်။ 

ကြံခင်းမြို့နယ်ထဲက အ.ထ.က ဘက်ရဲ၊ အ.ထ.က-ခခွဲ ချောင်းခွ၊ အ.မ.က ငှက်ပျောတော၊ အ.မ.က ကိုးအင်း၊ အ.မ.က ကွမ်းအစ်ကုန်း၊ အ.မ.က သရက်စမ်း၊ အ.မ.က ငါးပိစု၊ အ.မ.က လက်ပံတိုက်နဲ့ အ.မ.က ကျုံးစုကျောင်းတို့ကို ယာယီ ပိတ်ထားရတာဖြစ်တယ်လို့ သိရပါတယ်။ 

ဒေသခံ တယောက်က “အခုရေက တအားကိုဝင်နေတာကျောင်းတွေထဲ။ ကျောင်းတွေပိတ်တာ ကောင်းပါတယ်။ အန္တရာယ်ကင်းတာပေါ့။ တချို့စာသင်ကျောင်းတွေဆို လုံးဝကို မြုပ်သွားတာ။ အိမ်တွေထဲလည်း ရေတွေဝင်နေတာ မနည်းဘူး” လို့ ပြောပါတယ်။

စာသင်ကျောင်းတွေ ပိတ်ထားမယ့်ရက်တွေအတွက် သင်ခန်းစာတွေ နောက်မကျစေဖို့ ကျောင်းဖွင့်ပြီး အပတ်စဉ် တနင်္ဂနွေနေ့တွေမှာ အစားထိုး ပြန်လည်ဖွင့်လှစ် သင်ကြားသွားမယ် လို့လည်း သိရပါတယ်။ 

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့အားကောင်းတဲ့ မုန်တိုင်းငယ်ရဲ့အရှိန်ကြောင့် စက်တင်ဘာ ၁၅ ရက်ကနေ နောက် ၂၄ နာရီအတွင်း စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်မိုးကြီးနိုင်ကာ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်းနဲ့ မကွေးတိုင်းတို့မှာ နေရာကျဲကျဲကနေ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာပြီး မိုးသည်းထန်နိုင်တယ်လို့ သိရပါတယ်။ 

ဒါ့အပြင် အားကောင်းတဲ့ မုန်တိုင်းငယ်ရဲ့အရှိန်ကြောင့် မိုးသည်းသည်းထန်ထန် ရွာတာနဲ့အတူ အတူလေပြင်းတိုက်ခတ်တာ၊ ရုတ်တရက်ရေကြီးတာနဲ့ မြေပြိုတာ စတဲ့ သဘာဝဘေး အန္တရာယ်တွေ ဖြစ်ပေါ်နိုင်တာကြောင့် ကုန်းမြင့်ဒေသအနီး နေထိုင်ကြသူတွေအနေနဲ့ မြေပြိုအန္တရာယ်နဲ့ မြစ်ငယ်၊ ချောင်းငယ်များအနီး နေထိုင်ကြသူ တွေအနေနဲ့ ရေကြီး၊ ရေလျှံတာတွေအတွက် ကြိုတင်ပြင်ဆင်ကြဖို့ မိုးလေဝသဌာနက သတိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013