DVB Logo
Home
နိုင်ငံတကာ
ရုရှားစစ်ရာဇဝတ်မှုများအတွက် ယူကရိန်းသမ္မတနှင့် ICC ရှေ့နေ ဆွေးနွေး
DVB
·
September 14, 2024
ရုရှားစစ်ရာဇဝတ်မှုများအတွက် ယူကရိန်းသမ္မတနှင့် ICC ရှေ့နေ ဆွေးနွေး
Donate to DVB

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးဟာ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) အစိုးရရှေ့နေ ကာရင်းမ်ခန်းနဲ့ စက်တင်ဘာ ၁၂ ရက်က တွေ့ဆုံခဲ့ပြီး ယူကရိန်းမှာ စစ်ရာဇဝတ်မှုတွေ အတွက် အလိုရှိနေတဲ့ ရုရှားအရာရှိတွေကို ဖမ်းဝရမ်းထုတ်ဖို့ ဘယ်လိုသေချာအောင်လုပ်မလဲ ဆိုတာတွေကို ဆွေးနွေးခဲ့ပါတယ်။

ယူကရိန်းပါလီမန်ဟာ လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှုနဲ့ ရန်လိုမှုဆိုင်ရာ ရာဇဝတ်မှုတို့ကို ပြဋ္ဌာန်းထားတဲ့ ရောမဥပဒေကို အတည်ပြုဖို့ သြဂုတ်လမှာ မဲခွဲဆုံးဖြတ်ခဲ့တာဖြစ်ပြီး ကိယက်ဗ်ရဲ့ ဥရောပရည်မှန်းချက်တွေအတွက် အဓိကကျတဲ့ ခြေလှမ်းတရပ်အဖြစ် ခေါင်းဆောင်တွေဟာ ယူကရိန်းနိုင်ငံကို ICC မှာ ပါဝင်ခွင့်ပြုခဲ့ပါတယ်။

သမ္မတ ဇလန်းစကီးက “ရောမဥပဒေမူကြမ်းကို အတည်ပြုရေးဟာ ယူကရိန်းအတွက် အလွန်အရေးကြီးကြောင်း၊ ယူကရိန်းဟာ ဒီမိုကရေစီအတွက်၊ လွတ်လပ်ရေး၊ ကျန်းမာရေးအတွက် တိုက်ပွဲဝင်နေပြီး ယူကရိန်းရဲ့ မဟာမိတ်တွေ အားလုံးနဲ့လည်း ပိုမိုနီးစပ်လိုကြောင်း” ပြောပါတယ်။

ICC အစိုးရရှေ့နေ ကာရင်းမ်ခန်း ကလည်း “ပြည်သူတွေ သေဆုံးနေကြရချိန်မှာ ဒီဥပဒေဟာ စတင်နေပြီး လူတွေအားလုံးနဲ့လည်း သက်ဆိုင်နေကြောင်း ဒီဥပဒေမှာ အခိုင်အမာ ပြောထားတယ်” လို့ ပြောပါတယ်။

ဒီဥပဒေဟာ ယူကရိန်းနိုင်ငံသားတွေကို အကာအကွယ်ပေးရမှာတင်မက ရာဇဝတ်မှု ကျူးလွန်နေသူတွေကို အရေးယူရာမှာလည်း အသုံးပြုသင့်တယ်လို့ ဆိုပါတယ်။

တချိန်တည်းမှာပဲ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးဌာနဟာ ပြီးခဲ့တဲ့သီတင်းပတ်က မွန်ဂိုလီးယားနိုင်ငံကို ရုရှားသမ္မတရဲ့ ခရီးစဉ်အတွင်း ပူတင်အတွက် ICC ရဲ့ ဖမ်းဝရမ်းကို လိုက်နာခြင်း မရှိတဲ့အတွက် မွန်ဂိုလီးယားကို သံတမန်ရေးအရ ကန့်ကွက်ဆန္ဒပြခဲ့ကြောင်း ပြောကြားခဲ့ပြီး ဒီဆုံးဖြတ်ချက်ဟာ ဆက်ဆံရေးတွေအပေါ် သက်ရောက်မှုရှိစေမယ်လို့လည်း ဆိုပါတယ်။

သမ္မတ ဗလာဒီမာပူတင်နဲ့ ကာကွယ်ရေးဝန်ကြီးဟောင်း ဆာဂျီရွှိုင်ဂူတို့အပါအဝင် ယူကရိန်း အရပ်သားတွေအပေါ် ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေမှာ ပါဝင်နေတဲ့ ရုရှားအရာရှိတွေကို ICC က ဖမ်းဝရမ်းထုတ်ထားတာ ဖြစ်ပါတယ်။

ရုရှားကတော့ အရပ်သားတွေကို ပစ်မှတ်ထားတယ် ဆိုတာကို ငြင်းဆိုထားပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013