DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးလုပ်ဆောင်နေသည့် လူငယ်များ ကိုယ့်အကျိုးစီးပွားကို ဦးစားမပေးရန် ဒေါ်စု တိုက်တွန်း
DVB
·
October 5, 2014
နိုင်ငံရေးလုပ်ဆောင်နေသည့် လူငယ်များ ကိုယ့်အကျိုးစီးပွားကို ဦးစားမပေးရန် ဒေါ်စု တိုက်တွန်း
Donate to DVB

နိုင်ငံရေးလုပ်ဆောင်နေတဲ့ လူငယ်တွေအနေနဲ့ ကိုယ့်အကျိုးစီးပွားကို နိုင်ငံအကျိုးစီးပွားထက် ဦးစားမပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။

dvbSuu5အောက်တိုဘာလ  ၄ ရက်နေ့ တော်ဝင်နှင်းဆီခမ်းမမှာ ပြုလုပ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပထမဆုံး အကြိမ် နိုင်ငံလုံးဆိုင်ရာ ဗဟိုလူငယ်ဦးဆောင်အဖွဲ့ အစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည်က အတ္တနဲ့ ပရ ကို မျှတအောင် ဆောင်ရွက်ကြဖို့ လူငယ်တွေကို တိုက်တွန်းခဲ့တာပါ။

“လူငယ်တွေဆိုတာလည်း သာမန် ပုထုဇဉ်တွေပဲ ဒီတော့ အတ္တဆိုတာ ရှိမှာပဲ။ ကိုယ့်အတွက်ဆိုတာ ရှိမှာပဲ။ ဒါလည်း မမှားပါဘူး။ အတ္တဆိုတာ အတူယှဉ်ဒွန်တွဲပြီး အလုပ်လုပ်ရင် တခါတလေ ပိုတောင် အောင်မြင်နိုင်သေးတယ်။ ဘာဖြစ်လို့လဲဆိုတာ့ ကိုယ့်ရဲ့ ပင်ကိုယ်စိတ်ကလည်း လုပ်ချင်တာလည်းပါမယ်၊ ကိုယ့်ရဲ့သိက္ခာအတွက် လုပ်ချင်တာလည်း ပါမယ်။ အဲဒီတွန်းအားတွေ ရှိသလို ကိုယ့်နိုင်ငံအတွက် လုပ်ချင်တဲ့ တွန်းအားပါ ပါတယ်ဆိုရင် ပူးပေါင်းပြီးလုပ်လိုက်လို့ရှိရင် ဒါဟာ ပိုပြီးတိုးတက်နိုင်တယ်၊ ပိုပြီးတော့ ထိရောက်နိုင်တယ်။ ဒါပေမယ့် အဲဒီလိုလုပ်တဲ့နေရာမှာ ကိုယ့်ကိုယ်ရေးကိုယ်တာ တိုးတက်မှုအတွက် ကိုယ်ရေးကိုယ်တာ ထင်ပေါ်မှုအတွက် ကိုယ်ရေးကိုယ်တာ နေရာရမှုအတွက် စသဖြင့် အဲဒါကို ဦးစားပေးတယ်ဆိုရင်တော့ ကိုယ်တိုင် လုပ်ရမယ့် လုပ်ငန်းတွေနဲ့ ပတ်သက်လို့ရှိရင် ဆုံးဖြတ်ချက်တွေ မှားနိုင်တယ်။ အဲဒါကိုတော့ သတိပြုရမယ်။”

ဒီမိုကရေစီစနစ် ရှင်သန်ထွန်းကားဖို့အတွက် ဂုဏ်သိက္ခာရှိရှိနဲ့ အနိုင်ရအောင် ကြိုးပမ်းရမှာ ဖြစ်သလို အရှုံးကိုလည်း ဓမ္မဓိဋ္ဌာန်ကျကျလက်ခံနိုင်ဖို့ အရေးကြီးတယ်လို့လည်း ပြောဆိုခဲ့ပါ တယ်။ ဒါ့အပြင် လူငယ်တွေရဲ့ အရည်အချင်းကို သတ်မှတ်ရာမှာ ပညာရေးစနစ်က အရေးပါပေ မယ့် ကိုယ့်ကိုယ်ကိုယ် အားကိုးပြီး အရည်းအချင်း ပြည့်ဝလာအောင် လေ့လာ ရှာဖွေ ကြိုးစား ကြဖို့ကိုလည်း တိုက်တွန်းခဲ့ပါတယ်။

လူငယ်တွေအနေနဲ့ အင်အားအပြည့်နဲ့ အချိန်ကို သုံးစွဲနိုင်တဲ့ အခွင့်အရေးကိုလည်း အသုံးချကြဖို့ လမ်းညွှန်ခဲ့ပါတယ်။

“လူငယ်များရဲ့ အဓိပ္ပါယ်ဟာ အဓိက အားပြုနေတာ အချိန်ပဲ။ ကိုယ့်ကိုယ်ကိုယ် ပြုပြင်မယ်၊ ကိုယ့်ကိုယ်ကိုယ်တိုးတက်အောင် လုပ်နိုင်မယ့်အချိန်တွေ အများကြီး ရှိတယ်။ အဲဒီအချိန်ကို အာမခံပြီး လုပ်ကြပါတယ်။ ကိုယ့်အတွက် ကိုယ့်အဖွဲ့အစည်းအတွက် ကိုယ့်ပတ်ဝန်းကျင်အတွက် ကိုယ့်ရဲ့နိုင်ငံတော်အတွက် ကိုယ်နေတဲ့ ကမ္ဘာကြီးအတွက် လုပ်ကြပါလို့ တိုက်တွန်းရင်းနဲ့ နိဂုံးချုပ်ပါတယ်။”

ပထမအကြိမ်ကျင်းပတဲ့ ဗဟိုလူငယ်ဦးဆောင်အဖွဲ့ အစည်းအဝေးကနေ လူငယ်ညီလာခံ သက်တမ်းသတ်မှတ်ရေးကို ဆိုင်းငံ့ထားဖို့၊ ဗဟိုလူငယ်အစည်းအဝေးပွဲတွေကို ၄ လ တကြိမ် ကျင်းပသွားဖို့၊ အသက် ၃၀ ကျော် လူငယ် အဖွဲ့ဝင်တွေကို လူငယ်အဖွဲ့ကနေ ပယ်ဖျက်ဖို့ စတဲ့အချက်တွေကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီဆွေးနွေးပွဲကို တိုင်းနဲ့ပြည်နယ်အသီးသီးက အန်အယ်လ်ဒီ ဗဟိုလူငယ်ဦးဆောင် အဖွဲ့ဝင် ၅၀ ကျော် တက်ရောက်ခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးကလည်း ပါတီရဲ့ ဦးတည်ချက်တခုဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ကြိုးပမ်းရာမှာ အကြမ်းမဖက်ဘဲ ငြိမ်းချမ်းတဲ့နည်းကို ကိုင်စွဲကြဖို့ ပြောကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013